၂၀၁၆ ဒါကာ ကော်ဖီဆိုင်တိုက်ခိုက်မှုအတွက် အစ္စလမ္မစ်အစွန်းရောက်ဝါဒီ ၇ ဦးကို ဘင်္ဂလားဒေ့ရှ် တရားရုံးက သေဒဏ်ချမှတ်

၂၀၁၆ ဒါကာ ကော်ဖီဆိုင်တိုက်ခိုက်မှုအတွက် အစ္စလမ္မစ်အစွန်းရောက်ဝါဒီ ၇ ဦးကို ဘင်္ဂလားဒေ့ရှ် တရားရုံးက သေဒဏ်ချမှတ်
SENTENCED TO DEATH. Police escort detainees (C) accused of allegedly plotting the Holey Artisan Bakery cafe attack, carried out by Islamist militants, to a courtroom for their trial in Dhaka on November 27, 2019. Photo by Munir Uz Zaman/AFP

နိုဝင်ဘာ ၂၇။          ။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ဒါကာမြို့ ကော်ဖီဆိုင်တစ်ဆိုင် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် စီစဉ်ညွန်ကြားခဲ့သူ အစ္စလမ္မစ် အစွန်းရောက်ဝါဒီ ခုနစ်ဦးအား ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင် ဘင်္ဂလား  ဒေ့ရှ်တရားရုံးတစ်ခုက သေဒဏ်ချမှတ်လိုက်ပြီဖြစ်သည်။

အနောက်နိုင်ငံသားများအကြား ကျော်ကြားသည့် အဆိုပါ ဒါကာ ကော်ဖီဆိုင် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် နိုင်ငံခြားသား ၁၈ ဦးအပါအဝင် စုစုပေါင်း လူ ၂၂ ဦး သေဆုံးခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ယင်းနိုင်ငံတွင် အဆိုးဝါးဆုံးသော တိုက်ခိုက်မှုဖြစ်စဉ်လည်း ဖြစ်ခဲ့သည်။

ယခုအခါ အကြမ်းဖက်မှု နှိမ်နင်းရေး အထူး တရားရုံးတစ်ခုက ယခု အမိန့်ကို ချမှတ်လိုက်ခြင်း ဖြစ်သည်။

ယင်း တိုက်ခိုက်မှုတွင် တိုက်ခိုက်သူများသည် အစ္စလမ္မစ်နိုင်ငံတော် အိုင်အက်စ် အကြမ်းဖက်အဖွဲ့၏ အာရုံကျမှု ခံရရန် ဆန္ဒရှိခဲ့ကြောင်း တရားသူကြီး မိုဂျီဘာ ရာမန်က ပြောသည်။

ယခု ခုနစ်ဦးကို မသေမချင်း ကြိုးပေး ကွပ်မျက်သွားမည်ဖြစ်ကြောင်း တရားသူကြီး ရာမန်က ထပ်လောင်းပြောကြားသွားသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required