ချန်ပီယံလိဂ်သမိုင်းမှာ တစ်ပွဲတည်း သွင်းဂိုး (၄)ဂိုးကို အမြန်ဆုံးသွင်းနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းရေးထိုးခဲ့တဲ့ လီဝန်ဒေါစကီး

ချန်ပီယံလိဂ်သမိုင်းမှာ တစ်ပွဲတည်း သွင်းဂိုး (၄)ဂိုးကို အမြန်ဆုံးသွင်းနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းရေးထိုးခဲ့တဲ့ လီဝန်ဒေါစကီး
Photo: EPA

အုပ်စု (B)မှာ ရက်စတားဘဲဂရိတ်အသင်းကို (၆)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ နိုင်ပွဲမှာ တိုက်စစ်မှူး လီဝန်ဒေါစကီးက ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုး (၄)ဂိုးကို အမြန်ဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားတယ်လို့ သိရပါတယ်။

ပိုလန်တိုက်စစ်မှူးအနေနဲ့ သွင်းဂိုး (၄)ဂိုးရရှိဖို့ (၁၄)မိနစ်နဲ့ (၃၁)စက္ကန့်သာ ကြာမြင့်ခဲ့တာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ ပွဲချိန်ဒုတိယပိုင်းမှာ အံ့အားသင့်စရာခြေစွမ်းမျိုးနဲ့ ဂိုးတွေ ဆက်တိုက် သွင်းယူခဲ့တာဖြစ်ပြီး ပျမ်းမျှအားဖြင့် တစ်ဂိုးသွင်းယူဖို့ အချိန် (၄)မိနစ်ခန့်သာ လိုအပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အသက် (၃၁)နှစ်အရွယ် တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့် (၉)ကြိမ်ဆက်တက် ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာပါတယ်။

လီဝန်ဒေါစကီးဟာ ပြိုင်ပွဲစုံမှာ သူ့ရဲ့(၂၄)ကြိမ်မြောက်ရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း ဂိုး (၃၀)သွင်းယူထားခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်မှာတော့ (၁၀)ဂိုးအထိ သွင်းယူထားပါတယ်။

ဘွန်ဒက်လီဂါပြိုင်ပွဲမှာလည်း သမိုင်းဝင်စံချိန်တွေကို လီဝန်ဒေါစကီးက ပိုင်ဆိုင်ထားပြီး သူ့အတွက် အကောင်းဆုံးဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေတာလည်းဖြစ်ပါတယ်။

Ref; BBC

Mizzima Weekly