ဦးကိုနီအမှုအတွက် အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထား

26 November 2019
ဦးကိုနီအမှုအတွက် အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထား

ဦးကိုနီအမှုအတွက်  အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထား
*********************************

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရသည့် အမှုနှင့် ပတ်သက်ပြီး အောင်ဝင်းထွန်း နှင့် ဇေယျာဖြိုးတို့ကို ပြစ်ဒဏ်တိုးမြှင့်ပေးရန် နိုဝင်ဘာ ၂၆ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဦးကိုနီ၏ မိသားစုဘက်မှ လိုက်ပါဆောင်ရွက်သူများက လျှောက်ထားခဲ့သည်။

ဦးကိုနီအသတ်ခံရမှုနှင့် ပတ်သက်ပြီး ဇေယျာဖြိုးသည်  ဝရမ်းပြေး အောင်ဝင်းခိုင် သက်သေခံပစ္စည်း ဖျောက်ဖျက်ရာတွင်  ရုံးခန်းကို အသုံးပြုခွင့်ပေးခဲ့သည့် အတွက်  ရာဇသတ်ကြီးပုဒ်မ(၂၀၁)အရ ထောင်ဒဏ် ငါးနှစ် ကျခံရန် နှင့် အောင်ဝင်းထွန်းကို ထောင်ဒဏ်သုံးနှစ် ကျခံရန် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလပိုင်းတွင်  အမိန့်ချမှတ်ထားသည့်အမှုအတွက် ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျောက်ထားကြခြင်း ဖြစ်သည်။

သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/63522
ရိုက်ကူး - အောင်မြတ်သူ
တည်းဖြတ် - ဝေမင်းဟန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly