နိုင်/ကျဉ်းနားခိုရာ ဖွင့်ပွဲ မကြာခင် ကျင်းပမည်

နိုင်/ကျဉ်းနားခိုရာ ဖွင့်ပွဲ မကြာခင် ကျင်းပမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၆။         ။ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် အုန္နဲပင်ကျေးရွာတွင် တည်ဆောက်နေသော နိုင်/ကျဉ်းတို့၏နားခိုရာ ဖွင့်ပွဲကို မကြာမီကာလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီနေရာလေးက အစတုန်းက တဲသေးသေးလေး တစ်လုံးတည်း ရှိခဲ့တာ ဝန်ကြီးချုပ်လေး ယောက်က နာယကအဖြစ်နဲ့ အဲဒီထဲကမှ ဝန်ကြီးချုပ် ၃ ယောက်က ပန္နက်ရိုက်ပေးတယ်။ အဲဒီကမှ အလှူ ငွေတွေရပြီး အဆောက်အဦတွေ ဆောက်တာ မြင်တဲ့အတိုင်းပါပဲ” ဟု အဆောက်အဦဆောက်လုပ်ရေး ကော်မတီမှ နိုင်/ကျဉ်းဟောင်း ဦးကိုကိုအောင် က ပြောသည်။

အဆိုပါ နိုင်/ကျဉ်းတို့၏နားခိုရာသည် ၂၀၁၈ ခုနှစ်၌ မြေ ၃ ဧကဖြင့်အစပြုကာ အာဏာရှင်စနစ်ကို အမျိုးမျိုး ဆန့်ကျင်ခဲ့ကြရင်း ထောင်ကျခံခဲ့ရသည့် နေထိုင်မှုခက်ခဲနေသော နိုင်ငံရေးအကျဉ်းသားဟောင်းများ နားခိုရန်၊ ဒီမိုကရေစီရေး လူ့အခွင့်အရေးတိုက်ပွဲများအား ဂုဏ်ပြုရန် နှင့် သမိုင်းစဉ်ဆက် မျိုးဆက်များ အား သိရှိစေရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။

နိုင်/ကျဉ်းတို့၏နားခိုရာတွင် နာယကအဖြစ် နိုင်/ကျဉ်းဟောင်းများဖြစ်ကြသော စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ဆောင်ရွက်ကြပြီး ကော်မတီဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required