ရိုမေးနီးယား၌ သိုးကောင်ရေ ၁၄၀၀၀ ကျော် တင်ဆောင်သည့် သင်္ဘော တိမ်းစောင်းမှုဖြစ်၍ ကယ်ဆယ်ရေး ဆောင်ရွက်

ရိုမေးနီးယား၌ သိုးကောင်ရေ ၁၄၀၀၀ ကျော် တင်ဆောင်သည့် သင်္ဘော တိမ်းစောင်းမှုဖြစ်၍ ကယ်ဆယ်ရေး ဆောင်ရွက်

ဘူချာရတ်၊ နိုဝင်ဘာ ၂၅ ။       ။ ရိုမေနီးယားကမ်းလွန် ပင်လယ်နက်အတွင်း သိုးကောင်ရေ ၁၄၆၀၀ တင်ဆောင်လာသည့် သင်္ဘောတစ်စင်း နိုဝင်ဘာ ၂၄ ရက်က တိမ်းစောင်းမှုဖြစ်၍ ကယ်ဆယ်ရေးသမားများက သိုးများအား ကယ်ဆယ်နိုင်ရေး အသည်းအသန် ကြိုးစားခဲ့ကြရသည်။

ရိုမေးနီးယားက မီဒီယာဆိပ်ကမ်းမှ ထွက်ခွာခဲ့သည် Queen Hind သင်္ဘောသည် ဆိပ်ကမ်းမှ ထွက်ခွာပြီး အချိန်တိုအတွင်းမှာပင် မည်သည့် အကြောင်းရင်းကြောင့် မသိရဘဲ တိမ်းစောင်းသွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သိုးများကို တင်ဆောင်လာသည့် ယင်းသင်္ဘောသည် ဆော်ဒီအာရေဗျနိုင်ငံသို့ ဦးတည်ခြင်း ဖြစ်သည်။

သင်္ဘောပေါ်လိုက်ပါသော အမှုထမ်းများဖြစ်သည့် ဆီးရီးယားနိုင်ငံသား ၂၀ နှင့် လက်ဘနွန်နိုင်ငံသားတစ်ဦးတို့ကို ကယ်ဆယ်ခဲ့ရသည်။ သိုးကောင်ရေ ၃၂ ကောင်ကိုလည်း ကယ်ဆယ်ထားနိုင်ပြီး နှစ်ကောင်မှ ရေထဲမှ ကယ်ဆယ်ခဲ့ရခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးဌာန ပြောခွင့်ရအမျိုးသမီး အန်နာမာရီယာက ပြောသည်။

“ကယ်ဆယ်ရေးလုပ်ငန်းက ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ ပါလာတဲ့ သိုးတွေကို အသက်ရှင်လျက် ကယ်တင်နိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်။”ဟု ၎င်းက အေအက်ဖ်ပီသတင်းဌာနသို့ ပြောခဲ့သည်။

ကယ်ဆယ်ရေးဆောင်ရွက်နေသူများကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ရေငုပ်အဖွဲ့များက အကူအညီ ပေးလျက် ရှိပြီး တိမ်းစောင်းနေသည့် အဆိုပါ သင်္ဘောကို ပြန်လည်တည့်မတ်နိုင်ရေး ကြိုးပမ်းနေကာ ဆိပ်ကမ်းသို့ ပြန်လည်ဆွဲယူရန် လုပ်ဆောင်နေသည်ဟု ယင်းပြောခွင့်ရ အမျိုးသမီးက ဆိုသည်။

မည်သည့်အတွက်ကြောင့် အဆိုပါ သိုးတင်သင်္ဘော တိမ်းစောင်းမှု ဖြစ်ရခြင်းကို အားချင်းစုံစမ်းစစ်ဆေးရန် ရိုမေးနီးယားမှ အဓိက အသားတင်ပို့သူများ အသင်း Acebop က တိုက်တွန်းတောင်းဆိုထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required