ICJ မှ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုအား ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကန့်ကွက်ပွဲကျင်းပ

25 November 2019
ICJ မှ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုအား ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကန့်ကွက်ပွဲကျင်းပ

ICJ မှ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုအား ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကန့်ကွက်ပွဲကျင်းပ
***********************************
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် (OIC) နိုင်ငံတစ်ခုဖြစ်သည့် ဂမ်ဘီယာ နိုင်ငံမှ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံအား တရားစွဲဆိုမှှုအပေါ် ကန့်ကွက်ရှုံ့ချပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံအရှေ့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကန့်ကွက်ရှံ့ချပွဲတွင် အမျိုးသားရေး  တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသော ဆရာတော် ဦးပါမောက္ခ၊ ကိုထိန်လင်း နှင့် နောင်တော်လေး (ဘိုကလေး) တို့ပါဝင်ခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခြင်း အပါအဝင် လူ့အခွင့် အရေးချိုးဖောက်ခံရမှု စွပ်စွဲချက်များဖြင့် တရားစွဲဆိုထားမှုအား ကန့်ကွက်ရှံ့ချကြောင်း နှင့် ရခိုင် ပြည်နယ် အတွင်း ARSA အမည်ခံ ဘင်္ဂါလီ အကြမ်းဖက်များ မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် ဒေသခံ တိုင်းရင်းသားများ အပေါ် သတ်ဖြတ်ခဲ့သော လုပ်ရပ်များအား လျစ်လျူရှုနေသော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ၏ အဖွဲ့ဝင် နိုင်ငံများ အား ဆန့်ကျင်ရှုံ့ချ ကန့်ကွက်သော စာတမ်းများ နှင့် ကြွေးကြော်သံများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ရိုက်ကူး/တည်းဖြတ် - ဟိန်းသက်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly