ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်သားတွေ ဘာ့ကြောင့် အသိအမှတ်မပြုနိုင်တာလဲလို့ ဒုဗိုလ်မှူးကြီး (ငြိမ်း) ဦးကျော်ဇေယျ မေးခွန်းထုတ်

ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်သားတွေ ဘာ့ကြောင့် အသိအမှတ်မပြုနိုင်တာလဲလို့ ဒုဗိုလ်မှူးကြီး (ငြိမ်း) ဦးကျော်ဇေယျ မေးခွန်းထုတ်

တပ်မတော်တွင် နှစ် ၃၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ရင်းမှူး၊ ဒုတိယ ဗိုလ်မှူးကြီး ရာထူးမှ အနားယူခဲ့သူ ဦးကျော်ဇေယျသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

စီးပွားရေး ဦးပိုင်လီမိတက်တွင် ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ဒု ဗိုလ်မှူးကြီးနှင့် မဇ္ဈိမတို့ တွေ့ဆုံ မေးမြန်းမှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်သားတွေ ဘာ့ကြောင့် လက်မခံနိုင်ရသလဲဟု မေးခွန်းထုတ်ခဲ့သည်။

တပ်မတော်သားများသည် ပြည်သူလူထုနှင့် ကင်းကွာနေသည်ဟု ခံစားနေရကြောင်း ပြောဆိုခဲ့ပြီး ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ) သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မဟုဆိုကာ မဖြစ်သင့်သည့် ပုဒ်မဟုလည်း ဆိုခဲ့သည်။

 

ကျွန်တော် ပထမဆုံးမေးချင်တာကတော ဒီအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေပြီးတော့ ဆရာ ဒီဒဂုံမြို့နယ်က နေ ဝင်ရောက်ယှဉ်ပြိုင်မယ်ပေါ့လေ။ ဆိုတဲ့ခါကျတော့ ဒီအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆရာ ဘာကြောင့်ဝင်ရောက်ပြီးတော့ ဒီကိုယ့်စားလှယ်လောင်း အဖြစ် ဝင်ရောက် အရွေးချယ် ခံတာလဲ။

နောက် ၂၀၁၂ ကြားဖြတ်ကျတော့ သူတို့ ဝင်ပြိုင်တယ်ပေါ့။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဝင်ပြိုင်တဲ့ အခါလေ့လာတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်မယ်လို့ ကြွေးကြော်လာတယ်ပေါ့။ ကျွန်တော်ကလည်း နိုင်ငံသားတစ်ယောက် အဖြစ် ဒီ ၂၀၀၈ ဖွဲ့စည်းပုံးဥပဒေ မှုကြမ်းထွက်ကတည်းက လေ့လာတယ်ပေါ့။ ဒီလေ့လာတဲ့ အခါမှာ ကျွန်တော် မကြိုက်တဲ့ ဟာတွေ တော်တော်များတယ်ပေါ့။ မကြိုက်တဲ့ ဟာတွေများတော့ ဒီလိုပြင်မယ်ဆိုတော့ ဒါဟာ အလွန်မှန်ကန်တဲ့ ဆောင်ရွက်ချက်ပဲ ဆိုပြီး ဒီအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သဘောကျတယ်ပေါ့။ 

 

ဆရာခုနက ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး ပြောတဲ့ အခါကျတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောထားတာ ရှိတယ်။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ဝတ္တရားရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဖို့ကြိုးစားတဲ့ အခါမှာ လွတ်တော်ထဲမှာ အခင်း အကျင်းကလည်း တပ်မတော်သား တွေက လိုလိုလား လားလား ရှိတာ မတွေ့ရဘူး။ ဆိုတဲ့ အခါကျတော့ ခုနက ပြင်ချင်ပါတယ်။ ပြင်ဖို့ အချက်လက်တွေ ရှိနေပါတယ်။ ဒီဆရာကလည်း တပ်မတော်ကနေ အငြိမ်းစား ယူတဲ့ ဝန်ထမ်း တစ်ယောက် ဖြစ်တဲ့ခါကျတော့ ဒီဆရာနဲ့ တပ်မတော်သားတွေနဲ့ နည်းနည်း ဆန့်ကျင်ဘက် ဖြစ်နေတဲ့ သဘော ဖြစ်နေတယ်။  ဆရာက ဘယ်အချက်အလက်တွေကို ကိုင်ပြီးတော့ ဘယ်အကြောင်းအရာက ပြင် သင့်တယ်လို့ ထင်ပါသလဲ။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဆိုပေမယ့် သေချာကြည့်ရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သော ဆိုတာ နောက်ကျတော့ တပ်မတော်ကာကွယ်ရေး လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားပြန်ရော။ ကျွန်တော်အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လို့ တောင်ပြောချင်တယ်။ ဒါက ကျွန်တော့် သဘောထားပါ ခင်ဗျ။ တပ်မတော်ကို မသုံးသင့်ဘူးလို့ ထင်တယ်။ နောက်တစ်ချက်က ဒီ၂၀၀၈ ကိုလေ့လာတဲ့ အခါမှာ မှန်ပါတယ်။ ဥပဒေကိုပြင်ဖို့ ကြိုးစား့တဲ့ အခါမှာ တပ်မတော်သားတွေ အနေနဲ့ မပါခဲ့ဘူးပေါ့နော်။ အဲတာလေးကိုက ကျွန်တော့် အနေနဲ့ ဝမ်းနည်းစရာပေါ့ သြော် ငါတို့တပ်မတော်သားတွေဟာ ပြည်သူ့လူထုရဲ့ ဆန္ဒနဲ့ တစ်ဖြေးဖြေး ဝေးကွာနေသလို ဖြစ်ပြီဆိုပြီး ကျွန်တော့်ရင်ထဲမှာ အဲလိုပဲ ခံစားရပါတယ်။ ဒီဟာကြောင့်လဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သဘောကျတာပါ။ ဟာမှန်တယ်ကွာ။ ဒီဟာ ပြင်ကို ပြင်ရမယ့်ဟာ ဆိုပြီးတော့ ကျွန်တော် ဝင်တာဖြစ်ပါတယ်။

 

အများပြောပြောနတဲ့ ၅၉ (စ) ပေါ့လေ။ ဒါကတော့ မပါမဖြစ်ပေါ့။ အဲဒီပုဒ်မ အပေါ် မှာ ဆရာ ဘယ်လို မြင်ပါသလဲ ခင်ဗျ။

၅၉ (စ) ကတော့ ဗျာ ပြောစရာကို မလိုဘူး။ ၅၉(စ) က ဒါ သမ္မတဖြစ်ဖို့ အခွင့်အရေးပေါ့။ သမ္မဖြစ်ဖို့ အခွင့်ရေးမှာလည်း နိုင်ငံခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေးပဲ။ သမ္မတက သိပ်အရေးကြီးတာပေါ့။ ကျွန်တော်ကတော့ ဒီ ၅၉(စ) ကို ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်ပြီးတော့ လုပ်ထားတယ် သတ်မှတ်တယ်ပဲ ထင်တယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာက အသိမှတ်ပြုထားတဲ့ ခေါင်းဆောင်ပေါ့လေ။ ကျွန်တော်တို့ မြန်မာမှာလည်းနိုင်ငံတကာက အသိပြုထားတာ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် ကျွန်တော်ထင်တယ်။ ဦးသန့်နှင့် ဒေါ်အောင်ဆန်းစုကြည်လောက်ပဲ ။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး နိုဘယ်စုရခဲ့တာ။ နိုင်ငံတကာက အသိမှတ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ မြန်မာတွေက ဘာကြောင့် အသိမှတ် မပြုနိုင်ရမှာလဲ။ ကျွန်တော်တို့ တပ်မတော်သားတွေက ဘာလို့ အသိမှတ်မပြုနိုင်ရမှာလဲပေါ့။ ဒါလေးက ကျွန်တော်ထင်တယ် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တွက် ကန့်သတ်ထားတာ မို့လို့ လုံး၀ ပြင်သင့်တယ်လို့ ထင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်သားတွေ ဘာ့ကြောင့် အသိအမှတ်မပြုနု...

ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်သားတွေ ဘာ့ကြောင့် အသိအမှတ်မပြုနိုင်တာလဲ လို့ဒုဗိုလ်မှူးကြီး (ငြိမ်း) ဦးကျော်ဇေယျ မေးခွန်းထုတ်စီးပွားရေး ဦးပိုင်လီမိတက်တွင် ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ဒု ဗိုလ်မှူးကြီးနှင့် မဇ္ဈိမတို့ တွေ့ဆုံ မေးမြန်းမှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်သားတွေ ဘာ့ကြောင့် လက်မခံနိုင်ရသလဲဟု မေးခွန်းထုတ်ခဲ့သည်။တပ်မတော်သားများသည် ပြည်သူလူထုနှင့် ကင်းကွာနေသည်ဟု ခံစားနေရကြောင်း ပြောဆိုခဲ့ပြီး ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ) သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မဟုဆိုကာ မဖြစ်သင့်သည့် ပုဒ်မဟုလည်း ဆိုခဲ့သည်။အပြည့်အစုံသို့ - http://mizzimaburmese.com/article/6346

Posted by Mizzima - News in Burmese on Wednesday, October 21, 2015

တပ်မတော်ကနေပြီးတော့ ဖွဲ့စည်းပုံး အခြေခံ ဥပဒေကို လိုလိုလားလား မရှိတဲ့ မေးခွန်းကို မေးရရင် သူရ ဦးရွှေမန်းကနေပြီးတော့ ဦးဆောင်ပြီးတော့ မဲခွဲတယ်။ သူကိုယ်တိုင် မဲပေးတဲ့ သဘောရှိတယ်။ မဲပေးပြီးတော့ ဆန္ဒခံယူတဲ့ ခါကျတော့ တပ်မတော်သားတွေက အကုန်းလုံးကန့်ကွက်တယ်ဆိုတဲ့ အနေထားပေါ့လေ။ ဆိုတဲ့ခါကျတော့ ဆရာကရော ဒီအပေါ်မှာ ဘယ်လိုမြင်သလဲ တပ်မတော်သားတွေကို ဘယ်လို့ မက်ဆေ့ ပေးချင်လဲ။

တပ်မတော်သားတွေကို မစ်ဆေ့ပေးချင်တာတော့ အမှန်တော့ ဒါက တပ်မတော်ပေါ့ ဒီ ကျွန်တော်ခုနကလည်း ပြောသွားပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သော တပ်မတော်ကိုယ်စားလှယ် ဆိုတော့ အဲဒီက ၂၅ % ကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ခန့်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေပေါ့ဗျာ။ အမှန်တော့ ဒီ၂၅% တောင် လွှတ်တော်ထဲမှာ အချိန်ကုန်တယ်ဗျာ။ လူတွေများနေတာ လာပြီး လွှတ်တော်ထဲ ထိုင်စရာမလိုဘူး။ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်တစ်ယောက်ပဲ လာထိုင်ပြီးတော့ သူသဘောထားနဲ့ ကွန်မန်းပေးနေပြီး ဟေ့ကောင်တွေ ကန့်ကွက်တယ်ကွာ။ ထောက်ခံတယ်ကွာ။ ဒါပြောလိုက်ရင် ရနေပြီ။ အဲတော့ ဒီ၂၅% ဆိုတာလဲ ထူးတော့ မထူးဆန်းပါဘူး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့်အတိုင်းပဲ ဒါ ထမင်းအိုးမကွဲ အောင် လုပ်ရတဲ့ သဘောပါ။ အဲတာတော့ စစ်ရေးနဲ့ နိုင်ငံရေးပေါ့။ သူတို့ထဲမှာလည်း ကျွန်တော်ထင်ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ချင်တဲ့ ပုဂ္ဂိုလ်ပါမှာပဲ။ သို့သော်လည်းပဲ သူတို့အနေနဲ့က ဆင့်ကဲဆင့်ကဲပေါ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့်အတိုင်း လုပ်ရတဲ့ အတွက် ဒါတော့လည်း သူတို့ိကို ကျွန်တော် အပြစ်တော့ မပြောလိုပါဘူး။

 

ဆရာက ဒီဖွဲ့စည်းပုံ ပြင်ရေးကို တော်တော် လိုလိုလားလားရှိတယ်။ ဒါပေမယ့် ဟိုဘက်ကနေပြီးတော့ မပြင်ရေးဘူး။ ဆိုတော့ ဆရာလွှတ်တော်ထဲ ရောက်သွားရင်ကော ဆရာအနေနဲ့ ဘယ်လို ကြိုးပမ်း လုပ်ဆောင်ဖို့ ရှိလဲ။

ကျွန်တော်ကတော့ တိုင်းဒေသကြီး လွှတ်တော်ပေါ့ဗျာ။ ပြည်ထောင်စု လွှတ်တော်တော့ ကျွန်တော် မရောက်ဘူး။ ဒီရန်ကုန်တိုင်းဒေသမှာပဲ။ ကျွန်တော်ကတော့ ပြည်သူ့လွှတ်တော်မှာ လည်း ဒီပါတီကလူတွေ အများကြီး ပါပါတယ်။ ကျွန်တော် တပ်မတော်နဲ့ ပတ်သက်တဲ့ အကြံဉာဏ်တော့ ပေးနေတာပဲ။ ကျွန်တော် EC  အဖွဲ့လည်း ကြုံရင် ကြုံသလို တင်ပြနေတာပဲ။ ဒါကတော့ တပ်မတော်သားဆိုတာ အမိန့်တိုင်း နာခံရမယ့် သဘောရှိတယ်။ သို့သော်လည်းပဲ ဒီ၂၀၀၈ မှာက တပ်မတော် ၂၅% ဘက်ကနေပါအောင် ပါလာမှကို ပြင်နိုင်မှာ ဖြစ်တဲ့ အတွက် ဒီပုဒ်မ ၄၃၆ ပေါ့နော် အဲတာလေးကို တော့ ကျွန်တော်တို့ တကယ် အစိုးရဖွဲ့နိုင်ခဲ့ရင်တော့ ကျွန်တော်တို့က ပြန်ပြီးတော့ မဲခွဲလို့ရှိရင် ကျွန်တော်တို့ များ အင်အားများများနဲ့ ပါနိုင်မယ် ဆိုတော့ တပ်မတော်သားတွေကိုလည်း သဘောပေါက်အောင် ပြောမယ်ဆိုရင် တော့ ဒါပြင်ရမယ့်ဟာပဲ။ ပြင်မှလည်း တိုင်းပြည်တိုးတက်မှာဆိုတော့ အဲတာလေးကိုတော့ တပ်မတော်သားတွေကို အပြစ်မပြောလိုပါဘူး။ ကျွန်တော်တို့သာ ဖွဲ့နိုင်ခဲ့ရင် ကျွန်တော်ကတော့ ပြင်ကို ပြင်နိုင်မယ်လို့ပဲ ထင်ပါတယ် ခင်ဗျ။

တပ်မတော်သားတွေကျတော့ Electic မဟုတ်ဘူး။ ဆရာတို့ကျတော့ Electic ပင်ပန်းတာပေါ့။ ပြောချင်တာကတော့ မဲဆန္ဒရှင် လူထုတွေနဲ့ တွေ့ပြီးတော့မှ မဲဆွယ် စည်းရုံးရတယ်။ ဟိုဘက်က ပုဂ္ဂိုလ်တွေကျတော့ အေးအေးဆေးဆေးပဲလေ အချိန်တန်ရင် လွှတ်တော်ထဲ ဝင်နေတာ ဆိုတော့ ဒီနှစ်ခု လွှတ်တော်အမတ်လောင်းတွေ့ပေါ့ တပ်မတော်သား လွှတ်တော် အမတ်လောင်း ဆရာတို့ အပြင်ကနေယှဉ်ပြိုင်တဲ့ အမတ်လောင်းတွေပေါ့။ အဲနှစ်ခု ကွာခြားချက်ကို ဆရာတို့ကျ ပင်ပန်းတယ်လို့ ကျွန်တော်မြင်တာပေါ့။

 

ဆရာသိတဲ့အတိုင်းပဲ နောက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တစ်ခုလောက် မေးချင်ပါတယ်။ ဆရာလည်း တပ်မတော်သား တစ်ယောက် ဖြစ်တဲ့ ခါကျတော့ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မေးရမယ်ဆိုရင် အခု အစိုးရက (၁၆)  ဖွဲ့ ကမ်းလှမ်းထားတယ်။ဒါပေမယ့် ခု (၈) ဖွဲ့ပဲ လက်မှတ်ထိုးတယ်။ နောက်တစ်ခုက ဒီလက်မှတ်ထိုးပေမယ်လို့ စိတ်ချရတဲ့အနေထား မရှိဘူးပေါ့နော်။ ဟိုနေ့ကဘဲ ဒီတိုင်းရင်းသားခေါင်းဆောင် တွေက ပြောကြပါတယ်။ ဒါဟာ အာမခံချက်ကတော့ အစိုးရပေါ်မှာပဲ မူတည်တယ်လို့ ပြောတာပေါ့။ ဆိုတော့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်မှာဆရာ နည်းနည်းလေး သုံးသပ်ပေးပါအုံး။ အလားအလာဘယ်လိုရှိလဲ။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဖြစ်စဉ်ကတော့ ကျွန်တော်ပြောရရင် နေပြည်တော် မျှော်တိုင်းဝေးပေါ့နော်။ ကျွန်တော်ကတော့ ငြိမ်းချမ်းရေး လိုချင်ပါတယ်။ တကယ်တမ်း မှန်ပါတယ်။ ငြိမ်းရေး အလိုချင်ဆုံးက စစ်တိုက်နေတဲ့ စစ်သားတွေပါ။ တကယ်တမ်းတိုက် တာ ခိုက်တာပေါ့။ ကျွန်တော်တို့ တပ်မတော်ကလည်း အထက်က အမိန့်တိုင်းပဲ မင်းတို့ တိုက်ဆို တိုက်ရတာပေါ့။ တိုင်းရင်းသား လက်နက်ကိုင်ပေါ့ အရာရှိကလည်း အောက်က ကချင်ဆို ကချင်ပေါ့ ရခိုင်ဆို ရခိုင် ပေါ့ လုပ်ရတာပဲ။ ဟေ့ကောင်မင်းတို့ တပ်မတော်သားက ကောင်တွေကို ပြန်တိုက်ကွ ဆိုလည်း အောက်က ကောင်တွေက တိုက်နေမှာပဲ။ 

 

 

ဒီတိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ ကလည်းပြောကြတယ်လေ။ ဘာပြောလဲဆိုတော့ ကျွန်တော်တို့ နယ်မြေကို တပ်မတော်က နေပြီး တော့ အကြောင်းပြချက် တစ်စုံတစ်ရာ ပေးပြီးတော့ တိုက်ခိုက်တာ။ အရင်တိုက်ခိုက်တယ်။ ကျွန်တော်တို့က အရင်တိုက်ခိုက်တာ မဟုတ်ဘူး ဆိုတဲ့ ဟာမျိုး ပြောကြဆိုကြတာ ရှိတယ်။ ဆရာ တပ်မတော်မှာ တာဝန်ထမ်းဆောင်တဲ့ အချိန်တုန်းကရော အဲဒီအချိန်မှာ အဲလိုမျိုးအခြေနေတွေ ဆရာတို့ နယ်မြေ ရှင်းလင်းရေး သဘောပေါ့။ ရှင်းလင်းရေး သွားပြီးတော့ လုပ်တယ်ဆိုတဲ့ သဘောပေ့ါ။ အဲတာကြောင့် သူတို့ ပြန်တိုက်ရတယ်ပေါ့။ အကြောင်းပြချက်ပေးတယ်ပေ့ါ ဆရာတို့ အတွေ့ကြုံကရော ဘယ်လိုရှိလဲပေါ့။

အတွေ့အကြုံက ဒီလိုပေါ့ဗျာ။ ကျွန်တော်ယှဉ်ပြောမယ်ဆိုရင် တပ်မတော်အဖွဲ့စည်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းပေါ့နော်။ ကျွန်တော်တို့ တပ်မတော် အဖွဲ့စည်းကတော့ အထက်က အမိန့်လာတယ် မင်းတို့ မပစ်နဲ့ သူတို့ကလည်း လူကြီးအချင်းချင်း သဘောတူတာ သိတဲ့ အတွက် မပစ်နဲ့ဆိုတာ သိတယ်။ ဒါပေမယ့် ကျွန်တော်တို့ကြတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အမိန့်နာခံမှုပေါ့။ အမိန့်နာခံမှုမိထားတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေနဲ့ စာရင် ကျွန်တော်တို့ တပ်မတော်သားတွေက အမိန့်နာခံမှု ပိုကောင်းတာပေါ့နော်။ အဲတော့ ကျွန်တော်တို့ အမိန့်ကို နာခံတယ် မပစ်ဘူး။ ဒါပေမယ့် အောက်ခြေကျတော့ အောက်ခြေမှာ တပ်စိတ်Level  ဆိုတာ ငါးယောက်တစ်ဖွဲ့ ဆယ်ယောက်တစ်ဖွဲ့ လှုပ်ရှားတာလေးတွေ ရှိတယ်။ ငြိမ်းချမ်းရေး ယူထားတာ မှန်ပေမယ်လို့ ဒီနေရာ မပစ်ရ မှန်ပေမယ်လို့ အောက်ခြေက လည်း ထားပါ ဟိုအဖွဲ့က ကရင်ထားပါတော့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လေးကလည်း ရွာထဲကို ဝင်မယ်။ စားစရာလိုတယ်။ ဝင်ချင်တယ်။ အမှန်တော့ မပစ်ရတာ မှန်ပါတယ်။ ဒါပေမယ့် ထိုက်တိုက်တိုးရင်တော့ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေရင်တော်တယ်။အဆင်မပြေရင်တော့ ငါလဲ လက်နက်ကိုင် သူမှာလဲ ကျည်ဆံနဲ့ ဆိုတော့ ထိတွေ့မှုတွေ ဖြစ်တာပေါ့ ဗျာ။ အဲတာလေးတွေက အမြဲတမ်း ဖြစ်နေတာပါ။ ကျွန်တော်တို့ ဒီတိုင်းပဲ မပစ်နဲ့ကွာ ဟေ့ကောင်တွေ ငါတို့ ငြိမ်းချမ်းရေး ယူထားတယ်။ ဒါပေမယ့် သူ့အသက် ကိုယ့်အသက်လေ။ သူ့က ပစ်တဲ့နောက် ကိုယ့်က သေရတော့မယ်ဆိုရင် ကိုယ်ကလည်း ပြန်ပစ်မှာပဲ။ အဲတာလေးတွေ ထိန်းနိုင်မှ ရမယ်လို့ ကျွန်တော် ယူဆတယ်။

 

သမ္မတဦးသိန်းစိန် တက်လာစကနေပြီးတော့ ပြောကြတယ်။ကချင်နဲ့ ငြိမ်းချမ်းရေး စဆွေးနွေးတယ်ပေါ့။ ဆွေးနွေးတဲ့ အခါမှာ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်မှာ သမ္မတဦးသိန်းစိန်ကပေါ့လေ ကျွန်တော် မှတ်မိသလောက် သူ Order ထုတ်တယ်။ ကာကွယ်ရေး ဦးစီးချုပ်ကို မတိုက်ခိုက်နဲ့ပေါ့လေ။ ဒါပေမယ့် သူစထုတ်တဲ့ အချိန်ကစပြီး ကျွန်တော်တို့ လေ့လာ သလောက်ဆိုရင် ထုတ်တာ ထုတ်တယ် အပစ်ခတ်တိုက်ခိုက်မှုတွေက ခုချိန်ထိ ရှိနေတုန်းပဲ ဆိုတော့ အဲအပေါ်မှာကော ဆရာ နည်းနည်း သုံးသပ်ပေးပါအုံး။

အဲတာပဲလေ Order  ထုတ်တာက ထုတ်တာပဲလေ။ အောက်ခြေထိရောက်အောင် ထုတ်တာပဲ။ ဒါပေမယ့် ထိပ်တိုက်တွေ့လာတဲ့ အခါကျတော့ သူကလည်း သေနတ်ကိုင် ကိုယ့်ကလည်း သတ်နတ်ကိုင်ဆိုတော့ ဖြစ်တာပေါ့နော်။ တကယ်တမ်း ပွင့်ပွင့်လင်းလင်းပြောရင်း ငြိမ်းချမ်းရေး စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ အဲတာကြတော့ ကျွန်တော်ပြန်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ မကောင်းတာလေးတွေလည်း ပါတာပေါ့နော်။ တပ်မတော်က လက်နက်ကိုင် အဖွဲ့စည်းတွေမှာ တပ်မတော်ပဲ ရှိတာ။ ဟိုဘက်ကလည်း လက်နက်ကိုင် နေအုံးမယ် ဆိုရင်တော့ ဖြစ်နေမှာပဲ။ အဲတော့ တကယ်တမ်း မဖြစ်အောင်က ငြိမ်းချမ်းရေး ယူတဲ့ တိုင်းရင်းသား အဖွဲ့စည်းတွေကို လုံးဝကို လက်နက် စွန့်လွှတ်ပြီးတော့ ငြိမ်းချမ်းရေး ယူနိုင်မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရမယ်လို့ ကျွန်တော် ထင်တယ်။

 

ဆရာအခုပြောတာ တစ်ဖက်တည်း ဖြစ်နေတယ်လို့ ကျွန်တော်ခံစားရတယ်။ တပ်မတော် ဘက်ကိုရော ဆရာဘာများ ပြောချင်လဲ ခင်ဗျ။

တပ်မတော်ဘက်ကိုတော့ တပ်မတော်တစ်ခုကတော့ နယ်စပ်ဒေသမှာလဲ လက်နက်က ကိုင်ရမှာပဲလေ။ ကျွန်တော်တို့ တပ်မတော်သားဆိုတာ ပြည်ပ ကျုးကျော်စစ်ကို အဓိကထား ကာကွယ်ရန် ဖွဲ့စည်းထားတဲ့ အဖွဲ့စည်း ပေါ့ခင်ဗျာ။ ပြည်ပက မကျုးကျော်ဘူးဆိုတာလဲ ဘယ်သူမှ အာမ မခံဘူးဟုတ်လား။ ကျုးကျော်မယ့်နေ့ ဘယ်နေ့ဆိုတာလဲ မသိဘူးပေါ့နော်။ ဒါပေမယ့်လို့ ကျွန်တော်တို့က ပြည်ပက ကျုးကျော်ရန်ကို ကာကွယ်နိုင်အောင် ငါတို့ရေမြေတွေကို ကာကွယ် နိုင်အောင် လုပ်ရမယ့် အရာဟာ တပ်မတော်မှာ တာဝန်ရှိပါတယ်။ တပ်မတော်ကတော့ လက်နက်ကိုင် နေရမှာပဲ။ အဲတော့ ပြည်ထောင်စု တပ်မတော်ကြီး ပီပီပြင်ပြင် မဖြစ်သမျှတော့ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ဒါ ကျွန်တော် အမြင် ပြောတာပါ။

 

ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဆရာနောက်ထပ် တပ်မတော်သားတွေ မစ်ဆေ့ ပေးချင်တာ များရှိရင် ထပ်ပြောပါအုံး ခင်ဗျ။

တပ်မတော်သားတွေကို မက်ဆေ့ပေးရမယ်ဆိုရင် တပ်မတော်သားတွေက အမိန့်အတိုင်း လုပ်တာပေါ့ဗျာ။ တစ်ဆိုတစ်ပဲ ဘယ်လက်ဆို ဘယ်လက်ပဲ။ ဒါကောင်းတဲ့ ဟာလေးတွေ စစ်ရေးမှာတော့ ကောင်းတယ်ဗျ။ ကျွန်တော်တို့ နိုင်ငံရေးမှာ တော့ မကောင်းဘူး။ အဲတာလေးတွေ တိုင်းပြည်တိုးတက်ဖို့ကျတော့ နိုင်ငံခေါင်း ဆောင်ဟာ အရေး ကြီးတယ်ဆိုတာ ပြောချင်တယ်။ နိုင်ငံခေါင်းဆောင်ကောင်း ရမှ ကျွန်တော်တို့က လုပ်လို့ ရမှာ နိုင်ငံ တည် ဆောက်လို့ ရမှာပေါ့နော်။ အဲတော့ ခေါင်းဆောင် ဘယ်သူ ဖြစ်သင့်လဲ ဆိုတော့ တပ်မတော်သားတွေအနေနဲ့ စဉ်းစားပြီးတော့ မဲဆန္ဒ ကျွန်တော့်နယ်မြေမှာဆို တပ်ရင်းနှစ်ရင်းရှိတယ်။ အမှတ် ၂ စစ်ဆေးရုံနဲ့ အင်ဂျင်နီယာတပ်  ဂျီးအီးဖိုး ရှိတယ်။ အဲတော့ ကျွန်တော်မဲဆွယ် စည်းရုံးတဲ့နေရာမှာလဲ လေသံပစ်ပြီဆိုရင် တပ်နားကို ကျွန်တော် အဲတာပဲ ပစ်တယ်။ လှို့ဝှက် ဆန္ဒပေးတယ် ရဲရဲဝံ့ဝံ့ပေးကြပါ။ ခေါင်းဆောင်က အရေးကြီးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required