မငြိမ်မသက်မှုများ ဖြစ်ထားခဲ့သည့် ဟောင်ကောင်တွင် ဒေသန္တရ ရွေးကောက်ပွဲများ ကျင်းပ

မငြိမ်မသက်မှုများ ဖြစ်ထားခဲ့သည့် ဟောင်ကောင်တွင် ဒေသန္တရ ရွေးကောက်ပွဲများ ကျင်းပ

နိုဝင်ဘာ ၂၄။       ။ ဒီမိုကရေစီ တောင်းဆိုသည့် ဆန္ဒပြပွဲများနှင့်အတူ လများစွာကြာ မငြိမ်မသက်မှု အခြေအနေများ ဖြစ်ပေါ်ထားခဲ့သော ဟောင်ကောင်တွင် ဒေသန္တရ ကောင်စီ ရွေးကောက်ပွဲများကို နိုဝင်ဘာ ၂၄ ရက်တွင် ကျင်းပနေလျက် ရှိသည်။

အဆိုပါ တစိတ်တဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်တွင် ကျင်းပသည့် ယခု ရွေးကောက်ပွဲများတွင် မဲရုံများရှေ့၌ ဟောင်ကောင်ပြည်သူများ တန်းစီစောင့်ဆိုင်းရင်း မဲပေးသွားကြရန် ရှိနေသည်။

တစ်ချိန်တည်းမှာပင် ယခုကျင်းပသည့် ဒေသန္တရ ရွေးကောက်ပွဲများကို နှောင့်ယှက်ခြင်း မပြုလုပ်ကြရန် ဒီမိုကရေစီလိုလားသော ဆန္ဒပြအုပ်စုများက ဟောင်ကောင်ပြည်သူများကို တိုက်တွန်းဆော်သြလျက်ရှိသည်။

ယခု မဲဆန္ဒပေးပွဲကနေတဆင့် ၎င်းတို့၏ ဆန္ဒသဘောထား၊ တောင်းဆိုချက်များကို တရုတ်အစိုးရထံ ပေးပို့သွားရန် ဒီမိုကရေစီလိုလားသောအုပ်စုများက မျှော်လင့်နေကြလျက် ရှိသည်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလမ်သည်လည်း ရွေးကောက်ပွဲတွင် ပါဝင်မဲပေးရင်း တည်တည်ငြိမ်ငြိမ် ရှိကြရန် တိုက်တွန်းသွားသည်။

ယခု ရွေးကောက်ပွဲများတွင် ဟောင်ကောင် ဒေသန္တရကောင်စီအတွက် ကောင်စီဝင် ၄၀၀ ကျော်ကို ရွေးကောက်တင်မြှောက်သွားမည်ဖြစ်သည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required