ရန်ကုန်မြို့၏ ဗိသုကာလက်ရာများကိုထပ်မံလေ့လာရန်အတွက် မြန်မာနိုင်ငံကိုနောက်တစ်ကြိမ်လာမည်ဟု ဖာဒီနန် ပြောဆို

ရန်ကုန်မြို့၏ ဗိသုကာလက်ရာများကိုထပ်မံလေ့လာရန်အတွက် မြန်မာနိုင်ငံကိုနောက်တစ်ကြိမ်လာမည်ဟု ဖာဒီနန် ပြောဆို
ဓာတ်ပုံ - ထွန်းထွန်းဝင်း

နိုဝင်ဘာ ၂၃ ။      ။    မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မန်ယူအသင်းရဲ့ ဂန္တဝင်နောက်ခံကစားသမားဖြစ်သူRio Ferdinand က ရွှေတိဂုံစေတီ အပါအဝင်ဘုရားစေတီများနှင့်ရန်ကုန်မြို့၏ ဗိသုကာလက်ရာများကို တွေ့ခွင့်ရခဲ့တဲ့အတွက် မြန်မာနိုင်ငံကို နောက်တစ်ကြိမ် လာရောက်မည်ဟု သတင်းမီဒီယာများကို ပြောဆိုခဲ့သည်။

" အခု မြန်မာနိုင်ငံကို ထပ်လာလည်ချင်ပါတယ်။ ဒီတစ်ခါကအချိန်သိပ်မရတဲ့အတွက် သိပ်ပြီးတော့ လေ့လာခွင့်မရခဲ့ပါဘူး။ လမ်းမှာတွေ့ခဲ့တဲ့အတိုင်းပဲ ရွှေတိဂုံဘုရားအပါအဝင် ရွှေတွေနဲ့လုပ်ထားတဲ့ အရာတွေကိုမြင်တွေ့ခွင်ရခဲ့တယ်။ ပထမဆုံးလည်းတွေ့ခဲ့ရတဲ့အတွက် အရမ်းလည်း အံသြမိပါတယ်။ ဗိသုကာလက်ရာတွေကိုလည်းကြိုက်ပါတယ်။ အချိန်ရတဲ့အခါကြရင် ပြန်လာပါဦးမယ်။ သေချာပေါက် လာခဲ့ပါမယ်" ဟု မန်ယူအသင်း၏ ဂန္တဝင်နောက်ခံကစားသမားဖြစ်သူ  Rio Ferdinand  က ပြောသည်။

မြန်မာ့ဘောလုံးပါရမီရှင်များရွေးထုတ်ပေးသည့် Tiger Street Football ၂၀၁၉ ခုနှစ် ဗိုလ်လုပွဲကျင်းပခြင်း အတွက် အင်္ဂလန်နိုင်ငံ ၊မန်ယူအသင်း၏ ဂန္တဝင်နောက်ခံလူ Rio Ferdinandသည် Tiger Street Football၏ တစ်ကမ္ဘာ့လုံးဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်  မြန်မာပြည်သို့ ပထမဆုံးအကြိမ်လာခဲ့ခြင်းဖြစ်သည်။

 အဆိုပါ လာရောက်ခြင်းအတွက် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park တွင် Rio Ferdinandသည် မီဒီယာများနှင့် တွေ့ဆုံပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

ဘောလုံးအသင်း ၃၀၀ နီးပါ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည့် Tiger Street Football ၂၀၁၉ ခုနှစ်ဗိုလ်လုပွဲကို ရန်ကုန် ၊မန္တလေး မြို့ကြီးတို့တွင်  ပြိုင်ပွဲအဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ရာ ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် နောက်ဆုံးကျန်ရှိသည့်အသင်းနှစ်သင်းမှ ဗိုလ်လုပွဲ ကစားရမည်ဖြစ်ကာ ဗိုလ်စွဲသည့် အသင်းမှ Rio Ferdinand နှင့် ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ထွန်းထွန်း နှင့် မြန်မာလက်ရွေးစင်ဘောလုံးအားကစားမား ၊ စိုင်းစိုင်းခမ်းလှိုင် ၊ အောင်မြင့်မြတ်တို့ဖြင့် ယှဉ်ပြိုင်ကစားခွင့် ထပ်မံရရှိမည်ဖြစ်ကြောင်းသိရသည်။

ဗိုလ်စွဲသည့်အသင်းအနေဖြင့် မြန်မာကျပ်ငွေ ၁၀ သိန်း နှင့်အတူ Tiger Street Football ၂၀၁၉ ဆုဖလား ကိုင်မြောက်နိုင်ခွင့်ရရှိမည့် ဖြစ်သည်။.

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly