ONE: MARK OF GREATNESS ပြိုင်ပွဲအတွက် အကောင်းဆုံးကြိုးစားပြင်ဆင်နေတဲ့ တီရယ်ထန်း

ONE: MARK OF GREATNESS ပြိုင်ပွဲအတွက် အကောင်းဆုံးကြိုးစားပြင်ဆင်နေတဲ့ တီရယ်ထန်း
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ။          ။ One Championship မှ ကြီးမှူးကျင်းပခဲ့သော Reign-of-valor ပြိုင်ပွဲမှာ ပထမဆုံး နိုင်ပွဲရရှိခဲ့တဲ့ ချင်းတိုင်းရင်းသား တီရယ်ထန်းဟာ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် ONE: MARK OF GREATNESS ပြိုင်ပွဲအတွက် အကောင်းဆုံးကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကမ္ဘာ့အကြီးဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအဖွဲ့အစည်း One Championshipရဲ့၂၀၁၉ ခုနှစ် အတွက် နောက်ဆုံးပိတ်ပြိုင်ပွဲဖြစ်တဲ့ ONE: MARK OF GREATNESS ပြိုင်ပွဲကို ဒီဇင်ဘာလ ၆ ရက် နေ့မှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှရှိတဲ့ Axiata Arena မှာကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့က သုဝဏ္ဏအားကစားပြိုင်ပွဲရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ One Championshipရဲ့ Reign-of-valor ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသားတီရယ်ထန်းဟာ သူ့ရဲ့ MMA ကစားသမားဘဝ ပထမဆုံး ပြိုင်ပွဲအဖြစ် ကမ္ဘောဒီးယားတိုက်ခိုက်ရေးကစားသမား ရင်ဆာရုဒ်နဲ့ သုံးချီအထိ ယှဉ်ပြိုင်ခဲ့ပြီး နောက် ဆုံးမှာ ဒိုင်လူကြီးများရဲ့ အမှတ်ပေးဆုံးဖြတ်ချက်နဲ့ နိုင်ပွဲ စတင်ရရှိခဲ့ပါတယ်။

"ပထမပြဲမွာထိုးခဲ့တဲ့ပုံစံနဲ့မတူဘဲ အခြားပုံစံကို ပြနိုင်ဖို့အတွက် ကျွန်တော်လက်ဝှေ့ကိုလည်း ပိုမို အားစိုက်လေ့ကျင့်နေသလို အကောင်းဆုံးကြိုးစားလေ့ကျင့်ေနပါတယ် " ဟု တီရယ်ထန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပြောဆိုခဲ့ပါတယ်။

သူဟာ ဒီဇင်ဘာလမှာ ကစားရမယ့်ပြိုင်ပွဲအတွက် မြန်မာစပါးအုံးလို့လူသိများတဲ့ အောင်လအန်ဆန်ရဲ့ အနီးကပ်လေ့ကျင့်သင်ကြားပေးမှုနဲ့အတူ Hardknocks 365 Familyနဲ့လည်း အပြင်းအထန် လေ့ကျင်နေခဲ့ပါတယ်။

တီရယ်ထန်း ရဲ့ ပြိုင်ဘက်ကတော့ ကိုရီးယားနိုင်ငံသား " Kim Woon Kyoum " ဖြစ်ပြီး မွေထိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိုးသတ်နိုင်တဲ့ကစားသမားတစ်ဦး ဖြစ်ပါတယ်။

" လာမည့်ဒီဇင်ဘာလ ၆ ရက်နေ့မှာ ချင်းတိုင်းရင်းသား တီရယ်ထန်းရဲ့ပြိုင်ပွဲအတွက် သူနဲ့ အတူ မလေးရှားမှ ရှိနေပါမယ်။ယှဉ်ပြိုင်မယ့်ပွဲစဉ်ကို မစောင့်နိုင်တော့ဘူး” လို့ အောင်လအန်ဆန်က သူ့ရဲ့လူမူကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

တီရယ်ထန်းကို ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မွေးဖွားခဲ့ပြီး အသက် ၆ နှစ် အရွယ်ကတည်းက ချင်း ရိုးရာ နဘန်းပညာကို စတင်အကျွမ်းတဝင်ရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ ချင်းပြည်နယ်မှာ ချင်းနဘန်း ချန်ပီယံ ၄ ကြိမ်ဖြစ်ခဲ့ပြီး အသက် ၁၀ နှစ်အရွယ်မှာတော့ မိဘများနဲ့အတူ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ကျောင်းပေါင်းစုံ ဖရီးစတိုင်နဲ့ ဂရီတို-ရိုမန် နဘန်းပြိုင်ပွဲမှာ နယူးယောက်ပြည်နယ် ရဲ့ ချန်ပီယံဖြစ်ခဲ့သလို တိုက်ကွမ်ဒိုပြိုင်ပွဲမှာလည်း ခါးပတ်နက် ရရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်လျက်ရှိတဲ့ တီရယ်ထန်းဟာ One လိုက်ဟဲဗီး ဝိတ်တန်း နဲ့မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီခါးပတ် နှစ်ခုပိုင်ရှင် အောင်လအန်ဆန်ရဲ့ ကူညီလေ့ကျင့်သင်ကြားပေး မူနှင့်အတူ One ကြိုးဝိုင်းထဲကို ဝင်ရောက် လာခဲ့တာဖြစ်ပါတယ်။

မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ တီရယ်ထန်းဟာ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် ONE: MARK OF GREATNESS ပြိုင်ပွဲမှာ သူ့ရဲ့ ဒုတိယမြောက်နိုင်ပွဲ ထပ်ရမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly