တရားရုံး ဆိုင်းဘုတ်ကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် တရားလွှတ်တော် ရှေ့နေကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်

21 November 2019
တရားရုံး ဆိုင်းဘုတ်ကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် တရားလွှတ်တော် ရှေ့နေကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်

မြို့နယ်တရားရုံး ဆိုင်းဘုတ်ကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့၍ အမှုရင်ဆိုင်နေရသည့် တရားလွှတ်တော် ရှေ့နေဦးဇော်ဝင်းအား နိုဝင်ဘာလ ၂၀ရက် မွန်းလွဲပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက ပုဒ်မ ၅၀၅(ခ)ဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် အမိန့်ချမှတ်လိုက်သည်။ ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၏ အမှုစီရင်ချက်များကို အယုံအကြည်မရှိဟုဆိုကာ၂၀၁၈ခုနှစ် မတ်လ ၁၅ ရက်နေ့က ၎င်းတရားရုံးဆိုင်းဘုတ်ကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး / တည်းဖြတ် - အောင်ကိုဦး/မဇ္ဈိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required