ဖိလစ်ပိုင်တွင် အီးစီးကရက်ကို ပိတ်ပင်တားမြစ်မည်ဟု ဒူတာတေး ကြေညာ

ဖိလစ်ပိုင်တွင် အီးစီးကရက်ကို ပိတ်ပင်တားမြစ်မည်ဟု ဒူတာတေး ကြေညာ

နိုဝင်ဘာ ၂၀။             ။ နိုင်ငံတွင် အီးစီးကရက် သုံးစွဲခြင်းကို ပိတ်ပင်သွားတော့မှာဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောဆိုလိုက်သည်။

အလားတူ လူမြင်ကွင်းမှာ vaping အီးစီးကရက် သုံးစွဲသူများကိုလည်း ဖမ်းဆီးပြီး ပစ္စည်းများကို သိမ်းဆည်းသွားရန် ရဲတပ်ဖွဲ့ကို သမ္မတ ဒူတာတေးက ညွန်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အီးစီးကရက် ပိတ်ပင်မှုကိစ္စကို ဒူတာတေးက နိုဝင်ဘာ ၁၉ ရက်က ထုတ်ဖော်ကြေညာလိုက်ခြင်းဖြစ်သည်။

အီးစီးကရက်က ဆေးလိပ်သောက်ခြင်းလောက် ကျန်းမာရေးထိခိုက်မှု မရှိနိုင်ဟုဆိုပြီး တစ်ချိန်က ပြောဆိုထားခဲ့သော်လည်း ယခုအခါ နိုင်ငံတကာတွင် ယင်း အီးစီးကရက် သောက်သုံးမှုကို ပိတ်ပင်မှုများ တိုးမြင့်လုပ်ဆောင်လာနေလျက် ရှိသည်။

အဆိုပါ အီးစီးကရက်တွင် အဆိပ်အတောက်များ ပါသည့်အတွက် ပြည်သူ့ကျန်းမာရေး ထိခိုက်မည့် ဘေးမှ ကာကွယ်ရန် ပိတ်ပင်ခြင်းဖြစ်ကြောင်း ဒူတာတေးက ပြောသွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required