တောမီးများလောင်မှုကြောင့် ဆစ်ဒနီတွင် မီးခိုးမြူများဖုံးလွှမ်း

တောမီးများလောင်မှုကြောင့် ဆစ်ဒနီတွင် မီးခိုးမြူများဖုံးလွှမ်း

ဆစ်ဒနီ၊ နိုဝင်ဘာ ၂၀။             ။ ဩစတြေးလျနိုင်ငံအရှေ့ဘက် ပင်လယ်ကမ်းခြေပိုင်းတစ်လျှောက်တွင် တောမီးများလောင်ကျွမ်းနေမှုကြောင့် ဆစ်ဒနီမြို့တွင် မီးခိုးမြူများ ဖုံးလွှမ်းလျက်ရှိသည်။ လေထုအရည်အသွေးညွှန်း ကိန်းသည် ၁၈၆ အထိရောက်ရှိ နေပြီး အန္တရာယ်ရှိသည့်အခြေအနေဖြစ်သည်။

မြို့နေပြည်သူများကိုလည်း အပြင်ထွက်ပြီး အားကစားမလုပ်ကြရန် အာဏာပိုင်များက သတိပေးထားသည်။ မီးခိုးမြူများဖုံးလွှမ်းနေမှုကြောင့် ကမ္ဘာ‌ကျော် ဆစ်ဒနီပြဇာတ်ရုံနှင့် ဟာဗာတံတားတို့ကိုလည်း ခပ်ရေးရေးသာမြင် ရသည်။ ရက်ပေါင်းများစွာ မီးလောင်ကျွမ်းနေမှုကြောင့် တောရိုင်းမြေဟက်တာပေါင်း ၁၄၀ ၀၀၀ ခန့်မီးထဲပါသွား ခဲ့သည်။

မီးခိုးထဲမှအမှုန်အမွှားလေးများသည် အသက်ရှူစနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး အဆုတ်နှင့် နှလုံးအခြေအနေ ကို ဆိုးရွားစေကြောင်း၊ မျက်လုံး နှာခေါင်းနှင့်လည်ချောင်းတို့ နာကျင်ခြင်းများ ဖြစ်တတ်ကြောင်း နယူး ဆောက်ဝေးပြည်နယ် ပတ်ဝန်းကျင်ကျန်းမာရေး ဒါရိုက်တာ ရစ်ချက်ဘရွမ်းကပြောသည်။

မီးခိုးများသည် ဆစ်ဒနီအနောက်မြောက်ပိုင်း ကီလိုမီတာ ၁၀၀ ခန့်ကွာဝေးသည့် အမျိုးသားဥယျာဉ်ကြီးနှစ်ခုတွင် လောင်ကျွမ်းနေသည့် တောမီးများမှ လေသင့်လာခြင်းဖြစ်သည်။ နိုင်ငံအရှေ့ပိုင်း ခြောက်သွေ့ သည့်ဒေ သ များတွင် တောမီးများ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နယူးဆောက်ဝေးပြည်နယ်နှင့် ကွင်းစလန်ပြည်နယ်တို့တွင် စက်တင်ဘာလကတည်းက စတင်ခဲ့သည့်တောမီးများကြောင့် လူ ၆ ဦးသေဆုံးခဲ့ပြီး အိမ်ရာပေါင်းများစွာ ပျက်စီး ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required