ကုန်သွယ်ရေးသဘောတူညီချက် မရပါက တရုတ်အပေါ် အခွန်တိုးကောက်မည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

ကုန်သွယ်ရေးသဘောတူညီချက် မရပါက တရုတ်အပေါ် အခွန်တိုးကောက်မည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

နိုဝင်ဘာ ၂၀ ။          ။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု မရပါက တရုတ်အပေါ် ယခုထက် ပိုမိုများပြားသည့် အခွန်အကောက်များ ကောက်ခံသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၁၉ ရက်တွင် သတိပေးလိုက်သည်။

“တရုတ်နဲ့အကြား သဘောတူညီချက်တစ်ခု ရအောင် ကျူပ်တို့ မလုပ်နိုင်ဘူးဆိုရင်တော့ ကျုပ်ကတော့ အခွန်အခတွေကို ခုထက် ပိုမြင့်အောင် တိုးကောက်သွားမှာပါ” ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောသွားသည်။

အဆိုပါ နှစ်နိုင်ငံအကြား ပထမအဆင့် ကုန်သွယ်ရေး သဘောတူညီချက်ဟု ခေါ်သည့် စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးမှုတွေနဲ့ တိုးတက်မှု အလားအလာတွေကို အားလုံးဝိုင်းဝန်း စောင့်ကြည့်နေစဉ်မှာပင် ယခုကဲ့သို့ ထရမ့်၏ တင်းမာခက်ထန်သော ပြောစကားတစ်ချို့ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘာ့ စီးပွားရေး အင်အားကြီး စူပါ ပါဝါ နှစ်နိုင်ငံသည် ယင်းတို့အကြားက ကုန်သွယ်ရေးစစ်ကို အဆုံးသတ်နိုင်ရေး ရည်ရွယ်ပြီး ပထမအဆင့် တစ်စိတ်တစ်ပိုင်း သဘောတူညီချက်တစ်ရပ် ချုပ်ဆိုရန် အကြိတ်အနယ် ဆွေးနွေးနေကြလျက် ရှိသည်။

ယင်းနှစ်နိုင်ငံသည် ပြီးခဲ့သည့် ကာလများအတွင်း အပြန်အလှန် အခွန်အကောက်များ ချမှတ်ကောက်ခံရင်း ကုန်သွယ်ရေးစစ်ပွဲတစ်ခုအတွင်း ပိတ်မိနေကြလျက် ရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly