ဟောင်ကောင်အခြေစိုက် အသက်အာမခံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ AIA ကုမ္ပဏီရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနား

19 November 2019
ဟောင်ကောင်အခြေစိုက် အသက်အာမခံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ AIA ကုမ္ပဏီရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနား

ဟောင်ကောင်အခြေစိုက် အသက်အာမခံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ AIA ကုမ္ပဏီရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနားကို ယူနက်စကိုစာရင်းဝင် ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်တဲ့ ပုဂံဒေသမှာ နိုဝင်ဘာလ ၁၇ရက်နေ့ကျင်းပပြုလုပ်သွားပါတယ်။ ဒီနှစ်တစ်ရာပြည့် အခမ်းအနားကို အာရှပစိဖိတ်ဒေသများမှာလည်း ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် နောက်ဆုံးပိတ်ပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီအခမ်းအနားကိုတော့ AIA ကုမ္ပဏီရဲ့ဆောင်ပုဒ်နဲ့အညီ ပိုပြီးကျန်းမာကောင်းမွန်တဲ့ ဘဝတွေကို ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် လျှပ်စစ်မီးတွေကနေတစ်ဆင့် စီးပွားရေး၊ လူမှုရေးတွေတိုးတက်လာစေချင်လိုတဲ့ဆန္ဒနဲ့ ပုဂံဒေသတွင်းက လျှပ်စစ်မီးမရရှိသေးတဲ့ တုရွင်းတောင်အနောက်ဘက်က တုရွင်းတိုင်ကျေးရွာက နေအိမ်၁၀၀ခန့်ကို လျှပ်စစ်မီးအသုံးပြု နိုင်ရန်အတွက် ၂ပေပတ်လည် နေစွမ်းအင်သုံးဆိုလာပြား ၁၀၀ ကို လှူဒါန်းခဲ့ပါတယ်။ နေအိမ်တစ်အိမ်ကို နေစွမ်းအင်သုံးဆိုလာပြားတစ်ချပ်၊ အင်ဗာတာတစ်လုံးအပြင် မီးသီးနှစ်လုံးကို လှူဒါန်း ခဲ့တာပဲ ဖြစ်ပါတယ်။ တုရွင်းတိုင်ကျေးရွာမှာ နေအိမ် ၁၀၀မပြည့်တာကြောင့် ပိုရှိနေတဲ့ ဆိုလာပြား ၃၇ချပ်ကို တုရွင်းတိုင်ကျေးရွာအုပ်စုထဲက လက်ဝဲရွာကို ပြန်လည် လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ တုရွင်းတိုင်ကျေးရွာဟာ ၂၀၁၃ခုနှစ်တုန်းကမီးရရှိဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တဲ့အပြင် ဂျပန် နိုင်ငံကနေ လှူဒါန်းထားတဲ့ ဓာတ်တိုင်တွေ စိုက်ထားပေမယ့်လည်း အခုချိန်ထိ မီးရရှိမှုမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒါ့ကြောင့် အခုလ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required