အဆိုတော် အမွန်း၏ ဒုတိယမြောက် တစ်ကိုယ်တော် Automatic အခွေ အောက်တိုဘာ ၂၂ရက်တွင် ထွက်ရှိမည်

အဆိုတော် အမွန်း၏ ဒုတိယမြောက် တစ်ကိုယ်တော် Automatic အခွေ အောက်တိုဘာ ၂၂ရက်တွင် ထွက်ရှိမည်

ရန်ကုန်၊ အောက်တ်ုဘာ ၁၉ ။           ။ အဆိုတော် အမွန်း၏ Automatic အမည်ရှိ ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်ကို အောက်တိုဘာ လ ၂၂ရက်တွင် Bo Bo Music Production မှ စတင် ဖြန့်ချိ ပေးသွားမည် ဖြစ်သည်။

အဆိုတော် အမွန်း၏ Automatic တေးအယ်ဘမ် ထွက်ရှိမည့် အကြောင်း စာနယ်ဇင်းများအား မိတ်ဆက်ပေး သည့် အခမ်းအနားကို အောက်တိုဘာ ၁၉ရက်တွင် ရန်ကုန်မြို့ရှိ Central Hotel ၌ ကျင်းပခဲ့သည်။

အဆိုတော် အမွန်းက " အမွန်းရဲ့အယ်ဘမ် အသစ်နဲ့ ပရိသတ်ကို သီချင်းအသစ်လေးတွေ ပေးမှာ မို့လို့အမွန်း အရမ်းပဲ စိတ်လှုပ် ရှား ပါတယ်။ ဝမ်းလည်းသာပါတယ် ။ ဒီထဲမှာ မြန်မာဘာသာစကား အနေနဲ့ရော အင်္ဂလိပ် ဘာသာစကား အနေနဲ့ရော တစ်ဝက်ဆီ ဒီအခွေထဲမှာ ထည့်ထားပါတယ်" ဟု ပြောသည်။

Automatic တေးအယ်ဘမ် တွင် တေးသီချင်း အသစ် ၁၀ပုဒ် ပါဝင်ပြီး No Body No တေးသီချင်း Remix လည်း ပါဝင်မည် ဖြစ်သည့် အတွက် သီချင်း စုစုပေါင်း ၁၁ပုဒ် ပါဝင်မည် ဖြစ်သည်။ မြန်မာ တေးသီချင်း အပြင် အင်္ဂလပ် သီချင်းများလည်း ပါဝင်မည် ဖြစ်သည်။

ထို အယ်ဘမ်ခွေ တစ်ခွေလုံးကို အမေရိကန်နိုင်ငံတွင် သွင်းယူခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နိုင်ငံမှ တေးရေးဆရာ ၅ဦး၏ တေးသီချင်း များ ပါဝင်မည် ဖြစ်သလို အဆိုတော် အမွန်း ကိုယ်တိုင် ရေးသား ထားသည့် သီချင်း ၇ပုဒ်လည်း ပါဝင်မည် ဖြစ်သည်။

အဆိုတော် အမွန်းသည် Automatic တေးအယ်ဘမ် ကို Bo Bo Music Production မှ ဖြန့်ချိ ပေးမည့် အပြင် Myanmar Music Store Online မှလည်း ဖြန့်ချိ ပေးသွားမည် ဖြစ်ကာ i-tune ကနေလည်း နိုင်ငံတကာသို့ ဖြန့်ချိ သွားမည် ဖြစ်သည်။

Automatic တေးအယ်ဘမ်ကို အောက်တိုဘာလ ၂၂ရက်တွင် Bo Bo Music Production မှ ဖြန့်ချိမည် ဖြစ်ပြီး ပရိုမိုရှင်း အနေဖြင့် နိုဝင်ဘာ ၁၁ ရက်တွင် လှည်းတန်း စင်တာ၌ အမှတ်တရ လက်မှတ်ရေးထိုးပွဲ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။

၎င်းသည် ကိုယ်ပိုင်သံစဉ် ဖြစ်သည့်"မင်းပေးတဲ့အချစ်" အမည်ရှိ တစ်ကိုယ်တော် အခွေကို ပထမဆုံး စတင် ထွက်ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်  ‘Automatic’ အမည်ရှိ ဒုတိယ တစ်ကိုယ်တော်အခွေကို ထွက်ရှိခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly