ရဲများဝိုင်းရံထားသည့် ဟောင်ကောင်တက္ကသိုလ်နယ်မြေမှ ဆန္ဒပြသူအချို့ထွက်ပြေးလွတ်မြောက်

ရဲများဝိုင်းရံထားသည့် ဟောင်ကောင်တက္ကသိုလ်နယ်မြေမှ ဆန္ဒပြသူအချို့ထွက်ပြေးလွတ်မြောက်

ဟောင်ကောင်၊ နိုဝင်ဘာ ၁၉။    ။ ဟောင်ကောင်တွင်  တက္ကသိုလ်နယ်မြေကိုအပိုင်စီးပြီး ဆန္ဒပြနေသည့် ကျောင်းသားများသည် ၎င်းတို့အား ဝိုင်းရံထားသည့်ရဲများကို လေးခွငြမ်းများသုံးကာ မျက်ရည်ယိုဗုံးများဖြင့်ပစ်ခြင်း၊ အုတ်ခဲများ၊ ဓာတ်ဆီဗုံးများဖြင့် ပစ်ကာ ပြန်လည်တိုက်ခိုက်ခဲ့ကြပြီး နိုဝင်ဘာ ၁၈ ရက်နေ့က ဆန္ဒပြသူ ဒါဇင်နှင့်ချီပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ ဆန္ဒပြသူများသည် တံတားပေါ်မှကြိုးများဖြင့်တွယ်ဆင်းကြပြီး တံတားအောက်တွင် မော်တော်ဆိုင်ကယ်သမားများက စောင့်ခေါ်နေကြခြင်းဖြစ်သည်။

ဥပဒေပြုအမတ်များနှင့်ဆွေးနွေးပြီးနောက် ဆယ်ကျော်သက်ကျောင်းသားအချို့ကို ပြန်ထွက်ခွင့်ပေးထားပေမယ့် ကျောင်းသားဒါဇင်နှင့်ချီပြီး တက္ကသိုလ်နယ်မြေထဲမှာဆက်နေခဲ့ကြတာဖြစ်ကြောင်း ဆန္ဒပြသူတစ်ဦးမှ AFP ကိုပြောသည်။

ဗြိတိန်ဆိုင်ရာ တရုတ်သံအမတ်ကြီး လျူရှောင်မင်းက ဟောင်ကောင်အစိုးရသည် ယင်းအခြေအနေကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေကြောင်း၊ မထိန်းနိုင်မသိမ်းနိုင်သည့် အခြေအနေဖြစ်လာပါကလည်း မငြိမ်မသက်မှု များကို အဆုံးသတ်သွားစေမည့် ဖြေရှင်းချက်နှင့်အာဏာအပြည့်အဝရှိကြောင်း နိုဝင်ဘာ ၁၈ ရက်က ပြောသည်။   

ဝါရှင်တန်နှင့် ဥရောပသမဂ္ဂတို့က အဆိုပါဆန္ဒပြမှုကို ဘက်ပေါင်းစုံမှထိန်းချုပ်ရန်တိုက်တွန်းခဲ့ပြီး ဆန္ဒပြမှုအတွင်း အင်အားသုံးနှိမ်နင်းမှုကို စုံစမ်းစစ်ဆေးရန်တောင်းဆိုခဲ့သည်။ ဟောင်ကောင်တွင် ဆန္ဒပြပွဲများကြောင့် ကျောင်းများပိတ်ထားရပြီး ရထားလိုင်းများပြေးဆွဲမှုလည်း ပြတ်တောက်ကာ လမ်းမကြီးများကိုလည်း အတား အဆီးများဖြင့် ပိတ်ထားသည်။ 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly