မြန်မာနိုင်ငံက လူမျိုးရေးကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လို့ မရဘူး

18 November 2019
မြန်မာနိုင်ငံက လူမျိုးရေးကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လို့ မရဘူး

မဇ္ဈိမ

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီးဖြစ်သည်။ ထို လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်လိုအပ်သည် ဟု အများစုက လက်ခံထားကြသည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့(EAO)များကြား ဆွေးနွေးညှိနှိုင်းကာ ကြိုးပမ်းနေကြသည်။ သို့သော် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ဖြစ်သည့် တိုင် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေကြောင်း နောက်ထပ် အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ဖက်ဒရယ်နိုင်ငံမဟုတ်ဘဲ ကွန်မြူနစ်နိုင်ငံဖြစ်သည့်တိုင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားမှု မရှိပေ။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး မည်သို့ ဆောင်ရွက်ရန် လိုအပ်ပါသလဲ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ မည်သည့်အခြေခံမူများကို တည်ဆောက်ရန်လို အပ်ပါသလဲ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ပါက လက်နက်ကိုင် ပဋိပက္ခများ ချက်ချင်း ချုပ်ငြိမ်းနိုင် ပါ့မလား စသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဥပဒေပညာရှင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်ကို မဇ္စျိမမှ အယ်ဒီတာဖြစ်သူ ချစ်မင်းထွန်းက မေးမြန်းထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required