ရုရှား၌ ကျားတစ်ကောင်နှင့် မိတ်ဖွဲ့ နေထိုင်နိုင်၍ နာမည်ကျော်ကြားသည့် တီမာဆိုတဲ့ ဆိတ်ကြီး သေဆုံး

ရုရှား၌ ကျားတစ်ကောင်နှင့် မိတ်ဖွဲ့ နေထိုင်နိုင်၍ နာမည်ကျော်ကြားသည့် တီမာဆိုတဲ့ ဆိတ်ကြီး သေဆုံး

မော်စကို၊ နိုဝင်ဘာ ၁၈။          ။ ရုရှားနိုင်ငံ၌ တီမာဆိုသည့် ဆိတ်ထီးတစ်ကောင်သည် ဖြစ်တောင့်ဖြစ်ခဲ မကြုံစဖူး ကျားတစ်ကောင်နှင့် အတူမိတ်ဖွဲ့ နေထိုင်ခြင်းကြောင့် နိုင်ငံအတွင်း နာမည်ကြီး စာရင်းဝင်ပဲ ဖြစ်သည်။

ကျားနှင့်အတူတူ နေသည့် အဆိုပါ တီမာဆိုသည့် နာမည်ကျော် ဆိတ်ကြီး သေဆုံးကြောင်း ၎င်းတို့ နှစ်ကောင် အတူတူ ကျင်လည်ကျက်စားနေထိုင်ရာ ဆာဖာရီဥယျာဉ် ညွှန်ကြားရေးမှူးဖြစ်သူက ပြောသည်။

“ဆိတ်ကြီးတီမာဟာ နှလုံးရပ်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။”ဟု ဥယျာဉ် ညွှန်ကြားရေးမှူး ဒီမီထရီမီဇန့်ဆက်က ဆိုသည်။

အသက် ငါးနှစ်ခန့် ရှိမည့်ဖြစ်သည့် တီမာကို မီးသင်္ဂြိုဟ်ခဲ့ပြီး ၎င်း နေထိုင်ခဲ့ရာ ဥယျာဉ်မှာပင် အထူးတလည် ဂုဏ်ပြုပြီး မြုပ်နှံသွားမည်ဟု ဥယျာဉ်က ထုတ်ပြန်သည်။

၂၀၁၅ ခုနှစ်က ဥယျာဉ်သို့ စရောက်သည့် တီမာသည် မမျှော်လင့်ဘဲ မိတ်ဆွေဖြစ်ခဲ့သည့် အမ်မာဆိုသည့် ဆိုက်ဘေးရီးယား ကျားကြီးနှင့် နောက်ပိုင်း၌ တော်ရုံအစေးကပ်မှု မရှိတော့ရာမှ ကျန်းမာရေး ချွတ်ယွင်းလာခဲ့ခြင်း ဖြစ်သည်ဟု မီဇန်ဆက်က ပြောသည်။

ထိုသို့ ကျားနှင့် ဆိတ်တို့ အတူနေထိုင် မိတ်ဖွဲ့သည့် ဖြစ်ရပ်က ရုရှားတစ်နိုင်ငံလုံး၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး တီမာသည်လည်း နာမည်ကြီးစာရင်းဝင် ဖြစ်ခဲ့သည်။

၂၀၁၅ ကျားကြီး အမ်မာအတွက် သက်ရှိသားကောင်အဖြစ် တီမာကို ကျားရုံထဲ မောင်းသွင်းခဲ့ခြင်း ဖြစ်သော်လည်း တီမာက လုံးလုံး ကြောက်ရွံ့ပုံ မရတာကြောင့် အမ်မာကျားကြီးက မထိမတို့ဘဲ နေခဲ့ရာမှ နှစ်ကောင်းသား အလျင်အမြန်ပင် မိတ်ဆွေအဖြစ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required