တီရယ်ထန် ကစားခဲ့သည့် ချင်းရိုးရာနပမ်းပညာအကြောင်း သိထားသင့် သည့် အချက် ၄ ချက်

တီရယ်ထန် ကစားခဲ့သည့် ချင်းရိုးရာနပမ်းပညာအကြောင်း သိထားသင့် သည့် အချက် ၄ ချက်

ကမ္ဘာ့အကောင်းဆုံးကိုယ်ခံပညာပြိုင်ပွဲများကိုကျင်းပပေးနေသည့် ONE Championship တွင် မြန်မာကိုယ်စားပြု ကစားသမားအများအ ပြားပါဝင်ကစားနေသည့်အနက် ချင်းတိုင်းရင်းသား“Dragon Leg” တီရယ်ထန် သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ တီရယ်ထန် သည် ၎င်း၏ ပွဲဦးထွက် ONE Championship ပွဲကိုအနိုင်ရထားပြီး လာမည့် ဒီဇင်ဘာတွင် ဒုတိယမြောက်ပွဲကိုကစားရမည်ဖြစ်သည်။ တီ ရယ်ထန် ကျွမ်းကျင်ပိုင်နိုင်သည့် ကိုယ်ခံပညာအမျိုးမျိုးထဲမှ ၎င်းချန်ပီယံဖြစ်ခဲ့ဖူးသည့် ချင်းရိုးရာနပမ်းပညာအကြောင်း ဗဟုသုတအနေ ဖြင့် တင်ဆက်လိုက်ရပါသည်။

(၁) တိမ်မြုပ်ပျောက်ကွယ်လုနီးပါး အားကစား

မြန်မာနိုင်ငံတွင် ရခိုင်တို့၏ ရိုးရာကျင်ကိုင်ပွဲဟုခေါ်သည့် နပမ်းပွဲအကြောင်းလူသိများသော်လည်း ချင်းလူမျိုးတို့တွင် ရိုးရာနပမ်းအားက စားနည်းရှိကြောင်းကို သိရှိသူအလွန်နည်းသည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု နောက်အကျဆုံး ပြည်နယ်များထဲမှ တစ်ခု ဖြစ်သဖြင့် ၎င်းတို့၏ ရိုးရာအားကစားနည်းများကို ဖော်ထုတ်မြှင့်တင်နိုင်မှု အားနည်းသည်။ ပြိုင်ပွဲကျင်းပရန်အတွက် ငွေကြေးအခက်အခဲ အပါအဝင် အခြားအခက်အခဲများစွာရှိသဖြင့် ခမ်းခမ်းနားနားကျင်းပနိုင်မှု အားနည်းသည်။ သို့သော် ချင်းပြည်နယ်တွင်နေထိုင်သည့် ကျန်းမာသန်စွမ်းသောလူငယ်တိုင်းနီးပါး ယင်းအားကစားကို စိတ်ဝင်စားကြသည်။

ချင်းပြည်နယ်အတွင်းတွင် ရိုးရာနပမ်းပွဲကို မင်္ဂလာဆောင်ပွဲမှအစ ချင်းနှစ်သစ်ကူး၊ ကောက်ရိတ်ပွဲတော်နေ့ စသည့် အထွတ်အမြတ် ပွဲ တော်များတွင်ပါ ထည့်သွင်းကျင်းပလေ့ရှိသည်။ များသောအားဖြင့် ဒေသခံများက စရိတ်စကစိုက်ထုတ်ကာ ကျင်းပခြင်းဖြစ်သဖြင့် ဆု ကြေးများပြားခြင်းမရှိဘဲ အပျော်တမ်းကစားသမားများသာ ပါဝင်ယှဉ်ပြိုင်လေ့ရှိကြသည်။ နပမ်းဝါသနာရှင်များက ကြီးမှူး၍ ဟားခါးမြို့ တွင် လေးလတစ်ကြိမ် နပမ်းပြိုင်ပွဲများ ပြုလုပ်လေ့ရှိသည်။ ပြည်ပနိုင်ငံတွင်ရောက်ရှိနေသောချင်းလူမျိုးများကလည်း ၎င်းတို့ စုဝေးကြ သည့် ပွဲတော်အခမ်းအနားများတွင် နပမ်းပွဲကိုထည့်သွင်းကျင်းပလေ့ရှိကြသည်။

(၂) စိတ်ဝင်စားဖွယ် နောက်ခံဒဏ္ဍာရီ

ချင်းရိုးရာနပမ်းကို မည်သည့်အချိန်က စတင်ကစားခဲ့သည်ဆိုသည်ကို တိကျသည့် မှတ်တမ်းမှတ်ရာများ မတွေ့ရှိရသော်လည်း ဒေသခံ များ၏ လက်ဆင့်ကမ်းပါးစပ်ရာဇဝင် ဒဏ္ဍာရီပုံပြင်များအရ သူမန်းနှင့် ဒါဘီဟုအမည်ရသည့် လူငယ်မောင်နှံမှ အစပြုသည်ဟု သိရသည်။ ပုံပြင်အရ သူမန်းဆိုသည့် ချင်းအမျိုးသားလေးသည် ၎င်း၏ချစ်သူ ဒါဘီထံသွားရောက်လည်ပတ်သည့်အခါ သူ့ကိုသဘောမကျသည့် အ ခြားလူပျိုများက ရေနှင့် ပက်ကြသည်ဟု ဆိုသည်။ ၎င်းတို့ဓလေ့အရ ရေနှင့် ပက်ခြင်းသည် စိန်ခေါ်သည့်သဘော သက်ရောက်သဖြင့် သူ မန်းက ၎င်းတို့ကို တစ်ယောက်ချင်း နပမ်းလုံးခဲ့သည်။

ခွန်အားဗလသန်မာပြီး အသတ်အပုတ်ကောင်းသည့် သူမန်းသည် လူပျိုတစ်အုပ်လုံးကို နပမ်းလုံးခဲ့ရာတွင် အနိုင်ရခဲ့သဖြင့် ဒါဘီက ဝမ်း သာအားရ သီချင်းစပ်ဆိုဂုဏ်ပြုခဲ့သည်။ ယင်းဖြစ်ရပ်မှအစပြုကာ နပမ်းလုံးသည့်အားကစားကို ချင်းလူငယ်တို့ကစားလာကြပြီး ယနေ့ ချင်းရိုးရာနပမ်းအားကစားဟူ၍ ဖြစ်လာခြင်းဖြစ်ကြောင်း ပါးစပ်ရာဇဝင်များက ဆိုကြသည်။ သူမန်း၏ အများနှင့်တစ်ယောက် နပမ်းပွဲကို အတုယူကာ လူတစ်ယောက်တည်းကို အုပ်စုလိုက်က တစ်ယောက်ချင်းနပမ်းလုံးရန် စိန်ခေါ်သည့်ပွဲများလည်း ကျင်းပလေ့ရှိကြောင်း ပြောကြသည်။

(၃) ရိုးရှင်းသည့် ကစားနည်းစည်းမျဉ်း

ချင်းရိုးရာနပမ်းသည် လူငယ်ချင်းနပမ်းလုံးရာမှ ပေါ်ပေါက်ခဲ့သည် အားကစားနည်းဖြစ်သဖြင့် စည်းမျဉ်းစည်းကမ်းများ ရှုပ်ထွေးခြင်းမရှိ ပေ။ ကစားသမားတိုင်းသည် ခါးတွင် ကြိုးကြီးကြီးတစ်ချောင်းကိုချည်ထားကြရပြီး ပြိုင်ဘက်ကစားသမားက ယင်းကြိုးကို ကိုင်ကာ ချီ မြှောက်ကိုင်ပေါက်ရန် ကြိုးစားကြရသည်။ ကြမ်းပြင်ပေါ်သို့ နောက်ကျောဖြင့် နှစ်ကြိမ် အရင်ဆုံးကျအောင် ဆွဲလှဲချနိုင်သူကအနိုင်ရခြင်း ဖြစ်သဖြင့် လူသိများသော Wrestling နပမ်းပညာရပ်နှင့်လည်း နီးနီးစပ်စပ် တူညီနေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ချင်းနပမ်းသမား များက နယ်ချင်းနီးစပ်သည့် နာဂနပမ်းပွဲများတွင်လည်း ပါဝင်ကစားလေ့ရှိကြသည်။

ချင်းရိုးရာနပမ်းအားကစား၏ အဓိကအရေးအကြီးဆုံးအချက်မှာ ခန္ဓာကိုယ် ကြံ့ခိုင်သန်မာရန်ဖြစ်ပြီး ခွန်အားချင်းတူလျှင် နပမ်းလုံးသည့် နည်းစနစ်များကို ပိုမိုပိုင်နိုင်သူက အနိုင်ရလေ့ရှိသည်။ နောက်ထပ် အရေးကြီးသည့် အချက်တစ်ချက်မှာ သက်လုံနှင့် အလျှော့မပေး သော ဇွဲလုံ့လရှိရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတရံ ပြိုင်ဘက်နှစ်ဦးက လက်ရည်ညီနေပြီး တစ်ဦးကိုတစ်ဦး ပိုင်ပိုင်နိုင်နိုင် လှဲမချနိုင်လျှင် ပွဲကြာရှည်လေ့ ရှိတတ်သည်။ ပွဲကစားရင်း မိုးချုပ်သွားသဖြင့် ထင်းရှူးမီးတိုင်ကြီးများထွန်းညှိကာ ကစားခဲ့ရသည့် ဖြစ်ရပ် များပင်ရှိခဲ့ကြောင်း သက်ကြီးဝါကြီး ချင်းမျိုးနွယ်စုဝင်များက ပြောပြကြသည်။

(၄) နိုင်ငံတကာစင်မြင့်ထက်မှ ချန်ပီယံ

ချင်းရိုးရာနပမ်းအားကစားတွင် ပရော်ဖက်ရှင်နယ်အဖြစ် ကစားသူမရှိသလောက် နည်းပါးသော်လည်း ယင်းပြိုင်ပွဲများမှ ချန်ပီယံဖြစ်ပြီး ONE Championship နိုင်ငံတကာစင်မြင့်ထက် ရောက်ရှိနေသည့် တီရယ်ထန်ကဲ့သို့ ကစားသမားမျိုးပိုင်ဆိုင်ထားသည်။ ချင်းပြည်နယ် ဟားခါးမြို့တွင်မွေးဖွားခဲ့သည့် တီရယ်ထန်သည် အသက် ၆ နှစ် အရွယ်ကတည်းက ချင်းရိုးရာနပမ်းပညာကို စတင်ထိတွေ့ခဲ့သူဖြစ် သည်။ ရိုးရာနပမ်းပွဲများတွင် လူငယ်အချင်းချင်း ခွန်အားချင်းယှဉ်ပြိုင်ကစားကြရင်း တီရယ်ထန်သည် ငယ်စဉ်ကတည်းက ကိုယ်ခံပညာ အခြေခံများအား ရခဲ့သည်ဟုဆိုနိုင်သည်။

တိုက်ခိုက်ရေးအားကစားတွင် ပါရမီပါသည့် တီရယ်ထန်သည် ၎င်းတို့ဒေသတွင် အကောင်းဆုံးနပမ်းသမားများထဲမှ တစ်ဦးဖြစ်လာခဲ့ပြီး ချင်းပြည်နယ်ချန်ပီယံ ၄ ကြိမ် ဖြစ်ခဲ့သည်။ ၎င်း အသက် ၁ဝ နှစ်တွင် မိဘများက အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သ ဖြင့် အနောက်တိုင်းနပမ်းပညာကို လေ့လာခွင့်ရခဲ့သည်။ တီရယ်ထန်သည် ကျောင်းပေါင်းစုံ ဖရီးစတိုင်နှင့် ဂရီကို-ရိုမန် နပမ်းပြိုင်ပွဲတွင် န ယူးယောက်ပြည်နယ် ချန်ပီယံဖြစ်ခဲ့ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံနှင့် အခြားကိုယ်ခံပညာများကိုလည်း လေ့လာခဲ့ကာ တိုက်ကွမ်ဒိုတွင်ပါ ခါးပတ်နက် ရရှိခဲ့သည်။ ထို့နောက်တွင်မှ အောင်လအန်ဆန်နှင့် ဆက်သွယ်မိကာ ONE Championship သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required