ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များအား ဗိုလ်တထောင် တရားရုံးက ထောင်ဒဏ် တစ်နှစ် အမိန့်ချ

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များအား ဗိုလ်တထောင် တရားရုံးက ထောင်ဒဏ် တစ်နှစ် အမိန့်ချ

နိုဝင်ဘာ ၁၈၊ ရန်ကုန်။        ။ တပ်မတော်က တရားလို ပြုလုပ်ပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ - ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့် မကေခိုင်ထွန်း ၊ မဆုရတနာမြင့်ပါ ခြောက် ဦးတို့အား တရားစွဲဆိုထားသော အမှုနှင်ပတ်သက်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် တစ် နှစ် ကျခံစေရန် ဗိုလ်တထောင် မြို့နယ် တရားရုံးမှ အပြီးသတ် အမိန့် ချမှတ်ခဲ့ပါသည်။

အလားတူပင် ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့ကလည်း  ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်  ငါး ဦးအား မရမ်းကုန်းတရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ် ၅၀၅ (က) ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ် နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly