ရဲများ မဝင်ရောက်နိုင်အောင် တက္ကသိုလ်ပရိဝုဏ် ဝင်ပေါက်ကို ဟောင်ကောင်ဆန္ဒပြသူများ မီးရှို့၊ ထိပ်တိုက်တွေ့မှု ပြင်းထန်

ရဲများ မဝင်ရောက်နိုင်အောင် တက္ကသိုလ်ပရိဝုဏ် ဝင်ပေါက်ကို ဟောင်ကောင်ဆန္ဒပြသူများ မီးရှို့၊ ထိပ်တိုက်တွေ့မှု ပြင်းထန်

ဟောင်ကောင်၊ နိုဝင်ဘာ ၁၈။             ။ ဟောင်ကောင်တွင် ဆန္ဒပြသူများက ၎င်းတို့ စီးနင်းထားရာ တက္ကသိုလ် ပရိဝုဏ်အတွင်းသို့ ရဲများ မဝင်ရောက်နိုင်အောင် ဓာတ်ဆီဗုံးများဖြင့် မီးရှို့တားမြစ်ကြရာ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်း၌ ယင်းတက္ကသိုလ် ဝင်ပေါက်နား မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက် နှောင်းပိုင်း Hong Kong Polytechnic University အား ဆန္ဒပြသူ ရာပေါင်းများစွာက စီးနင်းထားခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က ၎င်းတက္ကသိုလ်ပရိဝုဏ် နယ်မြေဧရိယာကို ဆူပူအကြမ်းဖက်မှုဇုန်အဖြစ် ကြေညာထားပြီး ဆန္ဒပြသူများ ချထားသည့် အတားအဆီးများကို ချိုးဖျက်ဝင်ရောက်မည်ဟု ခြိမ်းခြောက်ထားကာ ယင်းတက္ကသိုလ်အား ဝိုင်းရံထားလျက် ရှိသည်။

ဆန္ဒပြသူများက ဓာတ်ဆီဗုံးများ ပစ်လွှတ်ခြင်း၊ တက္ကသိုလ် မြားပစ်အဖွဲ့မှ လေးနှင့်မြားများကို အသုံးပြုကာ မီးမြားများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခြင်းကြောာင့် တက္ကသိုလ်ဝင်ပေါက်တွင် မီးအကြီးအကျယ် လောင်ကျွမ်းခြင်း ဖြစ်သည်။

ဆန္ဒပြသူများဖက်က ထိုသို့ တိုက်ခိုက်မှုများကို မရပ်တန့်ပါက ကျည်စစ်သုံးပြီး နှိမ်နင်းရလိမ့်မည်ဟု အာဏာပိုင်များဖက်က အစောပိုင်းတွင် သတိပေးထားသည်။

ဟောင်ကောင်တွင် လပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည့် အစိုးရဆန့်ကျင့်သည့် ဆန္ဒပြမှုများကြောင့် မတည်ငြိမ်မှုများ ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေသည်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required