ယူရိုခြေစစ်ပွဲတစ်ရပ်မှာ ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကစားသမားဖြစ်လာတဲ့ ဟယ်ရီကိန်း

ယူရိုခြေစစ်ပွဲတစ်ရပ်မှာ ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကစားသမားဖြစ်လာတဲ့ ဟယ်ရီကိန်း

အင်္ဂလန်အသင်းဟာ ဒီနေ့မနက်ပိုင်းက ကစားသွားခဲ့တဲ့ သူတို့ရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်မှာ ကိုဆိုဗိုကို (၄-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီပွဲမှာ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယူရိုခြေစစ်ပွဲတစ်ရပ်မှာ ပွဲစဉ်တိုင်း အားလုံးကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး အင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။

ကိုဆိုဗိုနဲ့ပွဲမှာ ဟယ်ရီဝင့်ခ်က အင်္ဂလန်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီးနောက် ဟယ်ရီကိန်း၊ ရက်ရှ်ဖို့ဒ်နဲ့ မေဆန်မောင့်တို့ကလည်း တစ်ဂိုးစီ အသီးသီးသွင်းယူခဲ့ကြပြီးနောက်မှာတော့ အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲအဆင့်ကို ထိုက်ထိုက်တန်တန်နဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

တော့တင်ဟမ်တိုက်စစ်မှူးဟာ နှစ်ပေါင်း (၉၀)အတွင်း ယူရိုခြေစစ်ပွဲတစ်လျှောက် ပြက္ခဒိန်တစ်နှစ်အတွင်းမှာ (၁၂)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး အင်္ဂလန်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ဟယ်ရီကိန်းအနေနဲ့ ၁၉၀၈ ခုနှစ်မှာ ဂျော့ဟီလ်စ်တန်နဲ့ ၁၉၂၇ ခုနှစ်မှာ ဒစ်ဇီဒင်းတို့ရဲ့ စံချိန်ကိုလည်း လိုက်မီခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကန်းက "ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ ကွင်းပြင်အနေအထားက ဆိုးဝါးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးတစ်ဦးအနေနဲ့ ကျနော် ဂိုးတွေ သွင်းပြီး နိုင်ပွဲတွေ ရယူချင်ခဲ့ပါတယ်။ သွင်းဂိုး တစ်ဂိုးရခဲ့လို့ ကောင်းမွန်ခဲ့ပါတယ်။ ဒီအနေအထားကို ကျနော် ဆက်ပြီးတော့ ထိန်းသိမ်းသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။"လို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

Ref; Metro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly