ဒီဇင်ဘာ ၁ရက်နေ့တွင် ဖွင့်လှစ်မည့် ၁၀ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ရောင်းချနေသည့် ကျပ် ၁၀၀၀ တန်ထီလက်မှတ်များကို စျေးကွက်အတွင်းတွင် ထီတစ်စောင်လျှင် ကျပ် ၁၃၀၀ အထိ စျေးနှုန်းမြှင့်တင်ရောင်းချေနကြသည်။ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ပထမအကြိမ် စတင်ဖွင့်လှစ်ခဲ့သည့် ကျပ်သိန်း ၁၅၀၀၀ ဆု ချီးမြှင့်သည့် အပတ်စဉ်မှ စတင်ကာ ထီတစ်စောင်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ရောင်းချရန် ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲ မှ တရားဝင် သတ်မှတ်ပေးခဲ့သော်လည်း အချိန်ကြာလာသည့်နှင့်အမျှ ထီလက်မှတ် စျေးနှုန်းများကို စျေးကွက်တွင် စျေးမြှင့်ရောင်းချလာခဲ့ခြင်းဖြစ်သည်။ ထီလက်မှတ်များကို စျေးတင်ရောင်းချနေမှုအပေါ် အစိုးရအနေဖြင့် ယခုချိန်ထိ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ ရိုက်ကူး/တည်းဖြတ်- ဟိန်းသက်ဦး