အီရန်တွင် ဓာတ်ဆီစျေးနှုန်းမြင့်တက်မှုကြောင့် ဆန္ဒပြပွဲများ ဖြစ်ပွား

အီရန်တွင် ဓာတ်ဆီစျေးနှုန်းမြင့်တက်မှုကြောင့် ဆန္ဒပြပွဲများ ဖြစ်ပွား

နိုဝင်ဘာ ၁၇။         ။ အီရန်နိုင်ငံတွင် အစိုးရ၏ စက်သုံးဆီ မူဝါဒသစ်ကြောင့်  ဓာတ်ဆီစျေးနှုန်းများ မြင့်တက်သွားခဲ့မှုအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ နိုဝင်ဘာ ၁၆ ရက်ကစ၍ နိုင်ငံတစ်ဝန်း ပေါ်ပေါက်ခဲ့သည်။

ဓာတ်ဆီ စျေးနှုန်းများ တိုးမြှင့်မည်ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့ပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဆူပူဆန္ဒပြပွဲများအတွင်း အနည်းဆုံး တစ်ဦး သေဆုံးကာ လူတစ်ချို့ ထိခိုက်ဒဏ်ရာများ ရရှိသွားသည်။

ယခု အစိုးရ၏ မူဝါဒအပြောင်းအလဲကြောင့် ဓာတ်ဆီစျေးနှုန်းများမှာ မူလကထက် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားစေခဲ့သည့်အတွက် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ ဓာတ်ဆီစျေးနှုန်းများ တိုးမြှင့်သည့် ဆုံးဖြတ်ချက်ကို မိမိ ကိုယ်တိုင် ထောက်ခံကြောင်း အီရန် ဘာသာရေးခေါင်းဆောင် အလီ ခါမေနီက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားသွားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly