သီရိလင်္ကာရွေးကောက်ပွဲ ဂိုတာဘာယာ ရာဂျာပက်ဆာ အနိုင်ရရှိ

သီရိလင်္ကာရွေးကောက်ပွဲ ဂိုတာဘာယာ ရာဂျာပက်ဆာ အနိုင်ရရှိ

နိုဝင်ဘာ ၁၇။         ။ နိုဝင်ဘာ ၁၆ ရက်က ကျင်းပခဲ့သည့် သီရိင်္လကာသမ္မတရွေးကောက်ပွဲတွင် ယခင်သမ္မတဟောင်း မဟင်ဒါရာရာဂျာပက်ဆာ၏ ညီဖြစ်သည့် ဂိုတာဘာယာ ရာဂျာပက်ဆာ အနိုင်ရရှိသွားကြောင်း နိုဝင်ဘာ ၁၇ ရက် ထွက်ရှိလာသည့် သတင်းများအရ သိရသည်။

အသက် ၇၀ နှစ်အရွယ် ဂိုတာဘာယာ ရာဂျာပက်ဆာသည် ပြီးခဲ့သည့် ဆယ်နှစ်ခန့်က ယင်းနိုင်ငံ၌ တမီလ်ကျား သူပုန်များကို ချေမှုန်းရာတွင် ဦးဆောင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

အငြိမ်းစား ဒုဗိုလ်မှူးကြီး ဂိုတာဘာယာ ရာဂျာပက်ဆာသည် ယခု ရွေးကောက်ပွဲတွင် မဲရလဒ် ၅၃-၅၄ ရာခိုင်နှုန်းအထိ အနိုင်ရရှိခဲ့ကြောင်း ၎င်း၏ ပြောရေးဆိုခွင့် ရှိသူက အေအက်ဖ်ပီသို့ ပြောသည်။

အလားတူ ဂိုတာဘာယာ၏ အဓိကပြိုင်ဘက် အာဏာရပါတီမှ ဆာဂျစ်သ် ပရီမာဒါဆာကလည်း ယခု ရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း ဝန်ခံသွားခဲ့ပြီး ဂိုတာဘာယာကို ဂုဏ်ပြုကြောင်း ထုတ်ပြန်သွားသည်။

ယင်းသည် နိုင်ငံတွင် ဆယ်စုနှစ်များစွာကြာ ပြည်တွင်းစစ်ကို ၂၀၀၉ ခုနှစ်က အဆုံးသတ်နိုင်ခဲ့ပြီးနောက်ပိုင်း တတိယမြောက် ကျင်းပသည့် ယခု ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၃၅ ဦးအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly