မိကျောင်းမျက်လုံးကို နှိုက်ထုတ်ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် သြစတြေးလျ အမျိုးသား

မိကျောင်းမျက်လုံးကို နှိုက်ထုတ်ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် သြစတြေးလျ အမျိုးသား

နိုဝင်ဘာ ၁၇။           ။ သြစတြေးလျနိုင်ငံသား အမျိုးသားတစ်ဦးသည် ဧရာမ မိကျောင်းကြီးတစ်ကောင်နှင့် ရင်ဆိုင်လုံးထွေးခဲ့ရပြီး မိကျောင်းမျက်လုံးကို နှိုက်ကော်ရင်း ကံအားလျော်စွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ သည် ဟုသိရသည်။

တောခေါင်းဝန်ထမ်းတစ်ဦးဖြစ်သည့် ခရိတ်ချ် ဒစ်ခ်မန်းအမည်ရ အဆိုပါ  အသက် ၅၄ နှစ်အရွယ် အမျိုးသားသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်က နိုင်ငံမြောက်ပိုင်းရှိ “မိကျောင်း နိုင်ငံ” ဟု လူသိများသည့် ဝေးလံခေါင်ပါးသော အရပ်ဒေသတစ်ခုသို့ ငါးဖမ်းထွက်ခဲ့သည်ဟု သိရသည်။

၎င်းသည် ကမ်းခြေကနေ ရေထဲသို့  ဆင်းရင်ပြင်ဆင်နေချိန်မှာပဲ အရှည် ၂ ဒသမ ၈ မီတာ ရှိ မိကျောင်းကြီးတစ်ကောင် ၎င်းအနောက်ကနေ ရုတ်တရက် ပေါ်လာခဲ့တယ်ဟု ဆိုသည်။

“ကျွန်တော် ငါးဖမ်း စထွက်မယ်ရုံ ရှိသေးတယ်၊ ပထမဆုံး တွေ့လိုက်ရတာက မိကျောင်းကြီး ကျွန်တော့်ဆီ ဦးတည်လာနေတာကို မြင်လိုက်ရပါတယ်” ဟု လက်ရှိ ကွင်းစ်လန်းပြည်နယ် ဆေးရုံတစ်ခုတွင် တက်ရောက်ကုသနေသည့် ခရိတ်ချ်က ပြောသည်။

ယင်းနောက် မိကျောင်းက ၎င်း၏ ပေါင်ကို လှမ်းခဲလိုက်သည်ဟု ဆိုသည်။ ယင်းနောက် ခရိတ်ချ်သည် ကမ်းခြေတွင် မိကျောင်းနှင့် သူတပြန် ကိုယ်တပြန် လုံးထွေးခဲ့ရပြီး မိကျောင်းက ခရိတ်ချ်ကို ရေထဲ ဆွဲချရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

ယင်းအချိန် ခရိတ်ချ်က မိကျောင်း မျက်လုံးကို လက်မဖြင့် နှိုက်ကော်ခဲ့သည်ဟု ဆိုသည်။ ယင်းသို့ မျက်လုံးကို ထိုးနှိုက်လိုက်ချိန်တွင် ခရိတ်ချ်သည် မိကျောင်းအပေါ် အသာရကာ အပေါ်ကနေခွစီးနိုင်ခဲ့ပြီး မေးရိုးများကို ဖိပိတ်ရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။

ယင်းနောက် ခရိတ်ချ်က မိကျောင်းကို တွန်းထုတ်လိုက်ပြီးနောက် မိကျောင်းသည် တစ်ဖြည်းဖြည်းချင်း ရေထဲ ပြန်ဆင်းသွားခဲ့သည်ဟု သိရသည်။

ယင်းကဲ့သို့ မိကျောင်းနှင့် လုံးထွေးသတ်ပုတ်ခဲ့ရသည့်အတွက် ခရိတ်ချ်၏ လက်၊ ခြေထောက်တို့တွင် ဒဏ်ရာများ ရရှိသွားသည့်အတွက် ယခုအခါ Cairns မြို့ ဆေးရုံတွင် ကုသနေလျက်ရှိသည်။

  Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly