ချက်တွင် ပြည်သူ ၂ သိန်းခန့် စုဝေးပြီး အစိုးရကို ဆန့်ကျင် ဆန္ဒပြ

ချက်တွင် ပြည်သူ ၂ သိန်းခန့် စုဝေးပြီး အစိုးရကို ဆန့်ကျင် ဆန္ဒပြ

နိုဝင်ဘာ ၁၇။         ။ ချက်သမ္မတနိုင်ငံ မြို့တော် ပရက်ဂ်တွင် နိုဝင်ဘာ ၁၆ ရက်က ပြည်သူ နှစ်သိန်းထက်မနည်း စုဝေးပြီး အစိုးရ ဆန့်ကျင်သည့် ဆန္ဒပြပွဲကြီးတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။

ဆန္ဒပြသူများသည် လက်ရှိ ဝန်ကြီးချုပ် ဖြစ်သည့် ဘီလျံနာ အန်ဒရေ ဘာဘစ် နုတ်ထွက်ရေးကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။

မစ္စတာ ဘာဘစ်သည် မရိုးသားသည့် လုပ်ဆောင်ချက်များ ကျူးလွန်ထားခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရလျက် ရှိပြီး ယင်းအပေါ် ဥရောပ ကော်မရှင်ကလည်း စုံစမ်းစစ်ဆေးနေလျက် ရှိသည်။

၎င်းအနေဖြင့် အီးယူ၏ ထောက်ပံ့ငွေများကို ၎င်း၏ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုခဲ့သည်ဆိုသည့် စွဲချက်များနှင့် ရင်ဆိုင်နေခြင်းဖြစ်သည်။ ယင်းစွပ်စွဲချက်များကို မစ္စတာ ဘာဘစ်က ငြင်းဆန်ထားသည်။

ယင်းသည် ယခင် ချက်ကိုဆလိုဗက်ကီးယားတွင် ကွန်မြူနစ်အုပ်ချုပ်ရေးကို အဆုံးသတ်စေခဲ့သည့် ကတ္တီပါ တော်လှန်ရေး နှစ် ၃၀ ပြည့်မြောက်မှု အကြို ယခု ဆန္ဒပြပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

    

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly