ပြည်ပငွေလွဲလုပ်ငန်းများ ဆောင်ရွက်ခွင့် ပြုခြင်းဆိုင်ရာ စည်းမျဉ်းများ ဗဟိုဘဏ်ထုတ်ပြန်

ပြည်ပငွေလွဲလုပ်ငန်းများ ဆောင်ရွက်ခွင့် ပြုခြင်းဆိုင်ရာ စည်းမျဉ်းများ ဗဟိုဘဏ်ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ။        ။ မြန်မာနိုင်ငံနှင့်ပြည်ပနိုင်ငံများအကြား တရားမဝင်ငွေလွှဲလုပ်ငန်းများ လျော့နည်းပြီး၊ တရားဝင် ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ပြည်ပေငွလွဲလုပ်ငန်းများ ဆောင်ရွက်ခွင့် ပြုခြင်းဆိုင်ရာ စည်းမျဉ်းများကို ဗဟိုဘဏ်က နိုဝင်ဘာလ ၁၆ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

 “တရားမဝင်ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေတဲ့ဟွန်ဒီရိုက်တဲ့သူတွေကိုတရားဝင်ဖြစ်အောင်ဗဟိုဘဏ်ကဆွဲဆောင်တဲ့ သဘောပါ။ဘယ်လောက်အထိဆွဲဆောင်နိုင်မလဲဆိုတာတော့မပြောတက်ဘူးပေါ့။ဟွန်ဒီသမားတွေကလဲ အနည် ထိုင်နေတော့ သူတို့ဒါကိုလုပ်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ တရားဝင်ဆိုရင်သူတို့အခွန်ပေးဆောင်ရမယ်။ ငွေကြေး တွေပြည်တွင်းကိုယူဆောင်လာရမယ်။ ပွင့်ပွင့်လင်းလင်းလုပ်ရမယ်။ဒါတွေရှိမယ်”ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဦးသန်းလွင်က သုံးသပ်သည်။

ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင် ပြည်ပငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ရာ၌ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပေဒ၊အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နှင့်အညီ လိုက်နာဆောင်ရွက်မည့်တာဝန်ခံတစ်ဦး ထားရှိရမည်ဟု ပါရှိသည်။ထို့အပြင်  ပြည်ပ ငွေလွှဲလုပ်ငန်းလိုင်စင်ရရှိသူသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို အကောင်အထည်ဖော်ရန် အတွက် ဌာနတစ်ခု ဖွဲ့စည်းထားရှိရမည်ဖြစ်သည်။

အဆိုပါဌာနမှ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဖြစ်ပေါ်လာနိုင်ခြေရှိသည့် အခြေအနေများအား သုံးလတစ်ကြိမ် သုံးသပ်လေ့လာ၍ မှတ်တမ်းတင်ထားရှိရမည်ဖြစ်ပြီး၊ လုပ်ငန်းပမာဏ ကြီးမားပါက ယင်းနှင့်ပတ်သက်ပြီး ပိုမိုကောင်းမွန်သည့် အစီအစဉ်များထားရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

“ဟွန်ဒီတွေရှိနေတဲ့ အခါကျတော့ ပြည်ပကနေငွေတွေဝင်တဲ့ အခါမှာ အလုပ်လုပ်တဲ့ငွေတွေအပြင်ကို တစ်ခြားငွေကြေး ခဝါချမှုနဲ့ပတ်သက်ပြီးဝင်လာနိုင်တယ်လေ။ဒါတွေကို အသိပညာပေး စနစ်တကျ ဆောင်ရွက်မယ်ဆိုရင် ဒါတွေတော့ လျော့ကျသွားမှာပါ။ပြီးတော့ ပြည်ပကနေငွေလွှဲတဲ့သူတွေအတွက်လဲ ပိုပြီးတော့ စိတ်ချရမယ်။ လိမ်လည်ထွက်ပြေးတာမျိုး မရှိတော့ဘူးပေါ့။ အစိုးရအနေနဲ့လဲ မှန်ကန်တဲ့ စာရင်းဇယားတွေရလာမယ်” ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက သုံးသပ်ပြောဆိုသည်။

ပြည်ပငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်း အာမခံငွေအဖြစ်ကျပ်သန်း ၁၀၀ကို  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ပေးသည့် ADလိုင်စင်ရ ဘဏ်တစ်ခုခုတွင်စာရင်းဖွင့်လှစ်၍ အပ်နှံထားရမည်ဖြစ်ပြီး၊ ဗဟိုဘဏ် ၏ခွင့်ပြုချက်ဖြင့်သာ ငွေထုတ်ယူနိုင်မည်ဖြစ်သည်။

ငွေလွှဲလက်ခံမှု၊ပေးပို့မှုတွင်တစ်ကြိမ်လျှင် အများဆုံးပမာဏအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့်ညီမျှသော ပမာဏ ကိုသာ ဆောင်ရွက်ရမည်ဟု ကန့်သတ်ထားပြီး၊  ပုဂ္ဂိုလ်တစ်ဦးအတွက် ငွေလွှဲလက်ခံမှု၊ ပေးပို့မှုပြုနိုင်သည့် ပမာဏကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ နှင့်ညီမျှသောပမာဏထက်မပိုရဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ပြည်ပသို့ ငွေလွှဲပေးပို့ရန်ငွေကြေးလက်ခြံခင်းနှင့်လက်ခံရရှိသည့် ငွေလွှဲအားပြည်တွင်း၌ ငွေထုတ်ပေးခြင်းတို့ကို မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

   Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/                    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly