တပ်မတော်၏ တရားစွဲဆိုလာမှုတွေကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် စိုးရိမ်စရာဖြစ်လာ

16 November 2019
တပ်မတော်၏ တရားစွဲဆိုလာမှုတွေကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် စိုးရိမ်စရာဖြစ်လာ

တပ်မတော်၏ တရားစွဲဆိုလာမှုတွေကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် စိုးရိမ်စရာဖြစ်လာ
**************************************
တပ်မတော်၏ ခပ်စိပ်စိပ်တရားစွဲဆိုလာမှုတွေကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို စိုးရိမ်မကင်းဖြစ်လာစေတယ်လို့ ရန်ကုန်တိုင်းအရပ်ဖက်အဖွဲ့ အစည်း များကွန်ရက်၏ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သော မသက်သက်အောင်က မဇ္ဈိမကို ပြောသည်။

“အရပ်ဖက်အဖွဲ့အစည်းတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုတဲ့အပေါ်မှာ တပ်မတော်အနေနဲ့ ခပ်စိပ်စိပ်လေးတရားစွဲဆိုလာမှုဟာ တပ်ရဲ့ အကဲဆတ်လာမှုပေါ့။ဒီလိုမျိုး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့ တပ်မတော်အနေနဲ့က ဒီလိုမျိုးအချိန်အခါမှာ သဘောထားကြီးမှု နားလည်သည်းခံနိုင်မှုရှိဖို့ ပိုပြီးလိုအပ်တယ်။ဒီလိုမျိုး ခပ်စိပ်စိပ်တရားစွဲနေတဲ့အခါကျေတာ့ ပြည်သူလူထုနဲ့ရော အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ရော နိုင်ငံရေးတက်ကြွလှုပ်ရှားသူအနေနဲ့ပါ စိုးရိမ်မကင်းဖြစ်လာတယ်”ဟု မသက်သက်အောင်က ပြောသည်။

သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/62905
ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly