သီရိလင်္ကာတွင် ရွေးကောက်ပွဲ စတင်၊ မွတ်စလင်မဲပေးသူများ ယာဉ်တန်းကို ပစ်ခတ်မှု ဖြစ်ပွား

သီရိလင်္ကာတွင် ရွေးကောက်ပွဲ စတင်၊ မွတ်စလင်မဲပေးသူများ ယာဉ်တန်းကို ပစ်ခတ်မှု ဖြစ်ပွား

ကိုလံဘို၊ နို၀င်ဘာ ၁၆ ။        ။ သီရိလင်္ကာနိုင်ငံ အနောက်မြောက်ပိုင်းတွင် နိုဝင်ဘာ ၁၆ ရက်က လူနည်းစုမွတ်စလင် မဲပေးသူများ၏ ယာဉ်တန်းကို သေနတ်သမားများက ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယခု နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပသည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ အားနည်းသော လူနည်းစုအသိုင်းအဝန်းကို ကာကွယ်ပေးရန် ကြိုတင်ပြင်ဆင်မှုများ ချို့တဲ့ခဲ့ကြောင်း ရွေးကောက်ပွဲ တာဝန်ရှိသူများက ပြောသည်။

မြို့တော် ကိုလံဘိုမှ မိုင် ၁၅၀ အကွာ တန်တီရီမာလီအရပ်တွင် အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

“သေနတ်သမားတွေက မွတ်စလင်မဲပေးသူတွေရဲ့ ကားကို သေနတ်နဲ့ ပစ်သလို ကျောက်ခဲတွေနဲ့လည်း ဝိုင်းပေါက်ကြတာပါ။ ကားနှစ်စီး ထိမှန်တယ်လို့ သိရပေမယ့် အသေအပျောက်စာရင်း မကြားသိရပါ။”ဟု ဌာနေရဲတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပတ်တာလမ်ကမ်းခြေမြို့က မွတ်စလင်များက ၎င်းတို့ မှတ်ပုံတင်ထားသည့် အနီးက မန်နာခရိုင်ဆီ မဲပေးရန် လာရောက်စဉ် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်သည်။

ယခု သမ္မတရွေးကောက်ပွဲသည် နိုင်ငံအတွင်း ခရစ်ယာန်ဘုရားကျောင်းများနှင့် ဟိုတယ်များကို အိုင်အက်စ်တို့က အသေခံဗုံးခွဲမှုများ ကျုးလွန်၍ လူပေါင်း ၂၅၀ ကျော် သေဆုံးထားပြီး ခုနစ်လခန့်၌ ကျင်းပသော ရွေးကောက်ပွဲလည်း ဖြစ်သည်။

ထိုအတွက် အဆိုပါ တိုက်ခိုက်မှု အရိပ်မည်းအောက်၌ ကျင်းပသည့် ယခု ရွေးကောက်ပွဲတွင် ပဋိပက္ခများ ဖြစ်ပွားပေါ်ပေါက်လာမည့် အရေးကိုလည်း စိုးရိမ်ပူပန်မှုများလည်း ရှိနေရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly