လူထုတွင်းမှ တရားမျှတမှုအကြောင်းကို တင်ဆက်ပြသမယ့် 'တရားမျှတ နေ့စဉ်ဘဝ' အနုပညာပြပွဲ

လူထုတွင်းမှ တရားမျှတမှုအကြောင်းကို တင်ဆက်ပြသမယ့် 'တရားမျှတ နေ့စဉ်ဘဝ' အနုပညာပြပွဲ

နိုဝင်ဘာ ၁၆ ။        ။ 'တရားမျှတ နေ့စဉ်ဘဝ' ခေါင်းစဉ်ဖြင့် အနုပညာပြပွဲကို မြန်မာဖန်တီးမှုအနုပညာရှင်များနဲ့ MyJustice တို့ ပူးပေါင်းပြီး တရားမျှတမှုရဲ့ အဓိပ္ပါယ်နဲ့ တစ်ဦးချင်းရဲ့ အခန်းကဏ္ဍကို ပြည်သူလူထုအတွက် ရည်ရွယ်ပြီး ဖန်တီးတင်ဆက်မှာဖြစ်ပါတယ်။

အဆိုပါအနုပညာပြပွဲဖွင့်ပွဲကို မကြာခင်က ပြန်လည်မွမ်းမံခဲ့တဲ့ Tourist Burma အဆောက်အဦမှာ နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပြီး ပြပွဲကို မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ဖို့ ၂-ပတ်ကြာပြသမှာဖြစ်ပါတယ်။

ဒီပြပွဲဟာ MyJustice ရဲ့ ၂၀၁၅ ကနေစတင်ခဲ့တဲ့ ခရီးစဉ် ၄-နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ်လည်းဖြစ်ပါတယ်။ MyJustice ကို ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုးပြီး ဗြိတိသျှကောင်စီမှ မိတ်ဖက်အဖွဲ့များနဲ့ လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်တာဖြစ်ပါတယ်။

ပြည်သူလူထုအတွက် အခွင့်အရေးနဲ့ ဥပဒေအသိပညာပေးခြင်း၊ တရားမျှတမှုစင်တာများနဲ့ ရပ်ရွာအခြေပြုဥပဒေ အထောက်အကူများမှ တရားမျှတမှုရရှိအောင် ကူညီပေးခြင်း၊ ရပ်ရွာတွင်း အငြင်းပွားမှု ဖြေရှင်းတဲ့ နည်းလမ်းများ မျှတမှုရှိစေရန် ပံ့ပိုပေးခြင်း၊ တရားမျှတမှုဆိုင်ရာ မူဝါဒချမှတ်သူများအတွက် အကူအညီပေးခြင်း စသည်တို့ကို ဆောက်ရွက်ပါတယ်။

မြန်မာဖန်တီးမှုအနုပညာရှင်များြဖစ်ကြတဲ့ KO Z, BRANG LI, HTEIN LIN, EMILY PHYO, MAUNG YU PY, KAUNG SU တို့ဟာ တရားမျှတမှုဆိုင်ရာ ဖန်တီးမှုအမျိုးမျိုးတို့ကို သမိုင်း၊ လွတ်လပ်ခွင့်၊ တစ်ဦးချင်းရပ်တည်ခွင့်စတဲ့ ရှုထောင့်ပေါင်းစုံမှ တင်ပြသွားမှာဖြစ်ပါတယ်။

"အားလုံးတရားမျှတမှုကို လက်လှမ်းမီနိုင်မယ့် နည်းလမ်းတွေ များများပေါ်ထွက်လာစေဖို့ လူထုထဲမှာ တရားမျှတမှုအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဖို့လိုပါတယ်။ ရှေ့နေ၊ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်၊ ရပ်ရွာအခြေပြုအဖွဲ့အစည်း၊ အနုပညာရှင်တွေအားလုံး တရားမျှတမှုအကြောင်း ဝိုင်းဝန်းဆွေးနွေးကြစေချင်ပါတယ်။"လို့ MyJustice အဖွဲ့ခေါင်းဆောင် Caitlin Reiger က ပြောပါတယ်။

လူထုတွင်းမှ တရားမျှတမှုအကြောင်း ဇာတ်လမ်းတိုများကိုလည်း တင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required