အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူရိုခြေစစ်ပွဲအောင်မြင်ခဲ့လို့ အကြီးအကျယ် အောင်ပွဲခံခဲ့ကြတဲ့ ဖင်လန်

အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူရိုခြေစစ်ပွဲအောင်မြင်ခဲ့လို့ အကြီးအကျယ် အောင်ပွဲခံခဲ့ကြတဲ့ ဖင်လန်
Photos: EPA

အုပ်စု (J)တွင် ကျရောက်နေတဲ့ ဖင်လန်အသင်းဟာ သောကြာနေ့က ဟယ်လ်စင်ကီမှာ လက်ချင်စတိန်းကို (၃-၀)နဲ့ ဂိုးပြတ်အနိုင်ကစားပြီးတဲ့နောက်မှာတော့ ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်သွားခဲ့ပါတယ်။ ဒါဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအနေနဲ့ အဓိကပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် လက်မှတ်ရရှိသွားခဲ့တာပါ။

ဖင်လန်အတွက် အဓိကစွမ်းဆောင်ပေးခဲ့သူကတော့ နောဝှစ်ချ်အသင်း တိုက်စစ်မှူး ပူကီဖြစ်ပြီး လက်ချင်စတိန်းနဲ့ပွဲမှာ အရေးပါတဲ့ ဂိုး (၂)ဂိုး သွင်းယေူပးခဲ့ပါတယ်။ ဖင်လန်အတွက် ဦးဆောင်ဂိုးကို ကွင်းလယ်လူ ထွာမိနင်က ပွဲချိန်ပထမပိုင်းမှာ သွင်းယူခဲ့တာပါ။

ပူကီဟာ နောဝှစ်ချ်အသင်းမှာ သွင်းဂိုးတွေခန်းခြောက်နေပေမယ့် နိုင်ငံလက်ရွေးစင်အသင်းမှာတော့ ယူရို ၂၀၂၀ ခြေစစ်ပွဲ (၉)ပွဲမှာ (၉)ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

ဖင်လန်တို့ဟာ အုပ်စု (J)မှာ ဂရိ၊ ဘော့စနီးယား၊ လက်ချင်စတိန်း၊ အာမေးနီယား၊ အီတလီစတဲ့ သူ့ထက် မာကျောတဲ့အသင်းတွေနဲ့ တစ်အုပ်စုတည်းကျခဲ့လို့ ခြေစစ်ပွဲအောင်ဖို့ ခဲယဉ်းမယ်လို့ ထင်ခဲ့ရပေါတယ်။ ဒါပေမယ့် အဆုံးမှာ အုပ်စုထိပ်ဆုံးက အီတလီရဲ့နောက် ရမှတ် (၁၈)မှတ်ဖြင့် တတိယနေရာက ဂရိကို (၇)မှတ်နဲ့ ကျော်ဖြတ်ကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။

ဖင်လန်နိုင်ငံလက်ရွေးစင်အသင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့လို့ ကွင်းအတွင်း ပရိသတ်တွေ ပြေးဝင်လာပြီး အောင်ပွဲခံခဲ့ကြသလို တစ်နိုင်ငံလုံးက ပရိသတ်တွေလည်း ဝမ်းပန်းတသာ တခဲနက် အောင်ပွဲခံခဲ့ကြပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required