ဟောင်ကောင်ဝန်ကြီးတစ်ဦး တိုက်ခိုက်ခံရ၍ ဗြိတိန်ကို တရုတ် ရှုတ်ချ

ဟောင်ကောင်ဝန်ကြီးတစ်ဦး တိုက်ခိုက်ခံရ၍ ဗြိတိန်ကို တရုတ် ရှုတ်ချ

ပေကျင်း၊ နိုဝင်ဘာ ၁၅ ။       ။ လန်ဒန်၌ မျက်နှာဖုံးစွပ် ဆန္ဒပြသူတွေက ဟောင်ကောင်တရားရေးဝန်ကြီးကို တွန်းထိုးမှု လုပ်ဆောင်ခဲ့သည့် ဖြစ်ရပ်အပြီးတွင် တရုတ်နိုင်ငံက ဗြိတိန်နိုင်ငံအား ရှုတ်ချဝေဖန်လိုက်သည်။

ဟောင်ကောင်တွင် လူသိနည်းသော တရားရေးဝန်ကြီး တီရီဆာချန်း ကြုံခဲ့ရသည့် ယင်းဖြစ်ရပ်အပြီးတွင် တရုတ်နိုင်ငံက ဗြိတိန်သည် ဟောင်ကောင်တွင် ဒီမိုကရေစီ တောင်းဆိုသည့် ဆန္ဒပြဆူပူမှုများကို မီးထိုးပေးနေသည်ဟု ရှုတ်ချလိုက်ခြင်း ဖြစ်သည်။

အမျိုးသမီးတစ်ဦးဖြစ်သည့် တီရီဆာချန်းသည် နိုဝင်ဘာ ၁၄ ရက် ညက လန်ဒန်က အခမ်းအနားတစ်ခုသို့ တက်ရောက်စကားပြောရန် ရှိစဉ် ဒီမိုကရေစီ တောင်းဆိုသော မျက်နှာဖုံးစည်း လူအုပ်၏ ဝိုင်းဝန်းမှုကို ကြုံတွေ့ပြီး ကြမ်းပြင်ပေါ် လဲကျခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကို ရိုက်ကူးထားသော ဗီဒီယိုတွင် တီရီဆာချန်းသည် လဲကျရာမှ ပြန်ထပြီး လူအုပ်နဲ့ ဝေးရာသို့ ထွက်သွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိပုံလည်း မရှိပေ။

သို့သော် အဆိုပါ ဖြစ်ရပ်ကို တရုတ်က ဆိုးဝါးသည့် တိုက်ခိုက်မှုဟု ပြောပြီး ဗြိတိန်အနေဖြင့် ဟောင်ကောင်ဝန်ကြီး၏ လုံခြုံရေးကို တာဝန်ယူရမည်ဟု တောင်းဆိုလိုက်သည်။

“ဗြိတိန်အနေနဲ့ ဒီအမှားမျိုးကို မရှောင်ကြဉ်ဘဲ ဟောင်ကောင်အရေးမှာ ဆက်လက်မီးမွှေးနေဦးမယ်ဆိုရင်တော့ ကိုယ့်ဒုက္ခကို ရှာတာပဲ ဖြစ်လိမ့်မယ်။”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်ရှောင်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly