ကမ္ဘာ့ထိပ်တန်းကားကုမ္ပဏီအများစုပါဝင်ပြနေသော CarsDB Auto Show Yangon 2019 ကျင်းပ

ကမ္ဘာ့ထိပ်တန်းကားကုမ္ပဏီအများစုပါဝင်ပြနေသော CarsDB Auto Show Yangon 2019 ကျင်းပ
ဓာတ်ပုံ - သူရ(မဇ္ဈိမ)

ရန်ကုန် ၊နိုဝင်ဘာ  ၁၅။   ။ ကမ္ဘာ့ထိပ်တန်းကားကုမ္ပဏီများ၏ ကားအသစ်များ တစ်ပတ်ရစ်ကားများအပါအဝင် ကားနဲ့ဆက်စပ်တဲ့ အပိုပစ္စည်းတွေကို ပြသထားတဲ့ CarsDB Auto Show Yangon 2019 ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့၊သုဝဏ္ဏပန်းခြံဘေးရှိ The One Entertainment Park မှာ ကျင်းပပြုလျက်ရှိသည်။

အဆိုပါပြပွဲအခမ်းအနားကို မော်တော်ယာဉ်နှင့်ဆက်စပ်လုပ်ငန်းလုပ်ကိုင်နေသူများ ၊ ကားထုတ် လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများ၊ ကားနှင့်ဆက်စပ်သည့်လုပ်ငန်းများနှင့် ဘဏ်နှင့်အာမခံလုပ်ငန်း များမှတဆင့် စျေးကွက် အတွင်းရှိ မိမိလိုအပ်သော မော်တော်ယာဉ်နှင့် သက်ဆိုင်သောဝန်ဆောင်မူ အမျိုးမျိုးရရှိနိုင်စေရေး စသည့်လုပ်ငန်းများအတွက် အဓိကရည်ရွယ်ပြသခြင်းဖြစ်ကြောင်း သိရသည်။

"CarsDB က မပါမဖြစ်ပေါ့။ ဘာလို့ဆို သူက မြန်မာနိုင်ငံမှာဆိုအကြီးဆုံးကားပြပွဲကြီးတစ်ခုပါ။ ပါဝင်ပြသသင့်တဲ့ပွဲမို့ ဝင်ရောက်ပြသရခြင်းပါ။ ဒီမှဆိုမကြာခင်က အသိပေးကြေငြာတဲ့ ၂၀၁၉ မော်ဒန် ဖြစ်တဲ့ EcoSport ၊ Mid - Size Pickup Truck ၊ Everest ၊ Everest(Trend 2.2) စတဲ့အမျိုးအစား လေးမျိုးကို ဝင်ရောက်ပြသရောင်းချနေတာပါ။ ပရိုမိုးရှင်း အနေနဲ့က တစ်နှစ်  GGI အာမခံနဲ့ ဒေါ်လာ ၅၀၀ ပြန်အမ်း ငွေထဲကတစ်ခုခုကို ရွေးချယ် ခွင့်ပေးအပ်ထားပါတယ်" ဟု Capital AutoMotive Ltd မှ Marketing Manager ဖြစ်သူ Flora Ngun Zar က မဇ္စျိမသတင်းဌာနကိုပြောသည်။

အဆိုပါပြပွဲတွင် ကားအသစ်များ ၊ တပတ်ရစ်ကားများ အပါအဝင် BAIC ၊ Borgward ၊ Chevrolet ၊ Ford ၊ GAC ၊ Gold AYA ၊ Hyundai ၊ Isuzu ၊ Jaguar ၊ Land Rover ၊ Mitsubishi ၊ Nissan ၊ Suzuki နှင့် Toyota တို့မှ ကားများကိုလည်း ဝင်ရောက်ပြနေပြီး နေ့စဉ်  မနက် ၁၀ နာရီမှည ၈နာရီအထိ ၃ ရက်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required