ရန်ကုန်တိုင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် MSME Action Plan မူကြမ်း ဆုံးဖြတ်ချက်အတည်မပြုနိုင်

15 November 2019
ရန်ကုန်တိုင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် MSME Action Plan မူကြမ်း ဆုံးဖြတ်ချက်အတည်မပြုနိုင်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အငယ်စား၊ အသေးစား နှင့် အလတ်စား လုပ်ငန်းများ အတွက် MSME Action Plan မူကြမ်းအား နှစ်ရက်တာ ဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် အတည် မပြုနိုင်ခဲ့ကြောင်း MSME Action Plan အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယ မြောက်နေ့က သိရသည်။ MSME Action Plan အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယ မြောက်နေ့ကို နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel တွင် ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ SME လုပ်ငန်းရှင်များအတွက် MSME Action Planကိုဆွေးနွေး ရေးဆွဲ အကောင်အထည်ဖော်ရာတွင် လုပ်ငန်းကဏ္ဍ ၈ရပ် ပါဝင်ခဲ့ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် အခွန်အခ ၊ ထုတ်လုပ်မှု စွမ်းအား၊ နည်းပညာ နှင့် တီထွင်ဆန်းသစ်မှု၊ အမျိုးသမီးများ နှင့် လူငယ်များ၊ လုပ်ငန်း စတင် ဆောင်ရွက်သူများ မြှင့်တင်ခြင်း၊ ချေးငွေရရှိမှု၊ ဈေးကွက်ရရှိရေး နှင့် နိုင်ငံတကာ အဆင့် ဝင်ရောက်ရေး၊ Green SMEs၊ လူမှုအကျိုးပြု လုပ်ငန်းများ နှင့် အားလုံးပါဝင်သော MSME လုပ်ငန်း များ၊ အထောက် အကူပြု အဖွဲ့ အစည်းမူဘောင် စသည့်ကဏ္ဍများ ပါဝင်ခဲ့သည်။ လက်ရှိတွင် ပြည်နယ်နှင့် တိုင်း ဒေသကြီး ၁၃ ခု၌ MSME Action Plan ကို ရေးဆွဲနိုင်ခဲ့ပြီး ရန်ကုန်တိုင်းနှင့် စစ်ကိုင်းတိုင်းတို့သာ ကျန်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ယခုလ အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း၌ MSME Action Plan အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article... ရိုက်ကူးတည်းဖြတ် - ဟိန်းသက်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required