MH 17 ပစ်ချခံရမှုနှင့်ပတ်သက်ပြီး ရုရှားနှင့်ယူကရိန်းသူပုန်များအကြား ဖုန်းဆက်သွယ်မှုများတွေ့ရှိ

MH 17 ပစ်ချခံရမှုနှင့်ပတ်သက်ပြီး ရုရှားနှင့်ယူကရိန်းသူပုန်များအကြား ဖုန်းဆက်သွယ်မှုများတွေ့ရှိ

နိုဝင်ဘာ ၁၅။          ။ ယူကရိန်းနိုင်ငံအပေါ်ပျံသန်းသွားသည့် MH 17 လေယာဉ်ပစ်ချခံရမှုကို စုံစမ်းနေသော နိုင်ငံတကာစုံစမ်းလေ့လာရေးအဖွဲ့သည် ကြားဖြတ်ဖုန်းနားထောင်ချက်များအရ ရုရှားထိပ်တန်းအရာရှိများနှင့် ရုရှားကိုထောက်ခံသည့် ယူကရိန်းသူပုန်များအကြား ထင်ထားသည်ထက် ရင်းနှီးသည့်ဆက်ဆံရေးများရှိကြောင်း နိုဝင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ရုရှားနှင့် ယူကရိန်းရှိ ဒန်းနရက်စ်မှခေါင်းဆောင်များသည် နေ့စဉ်နီးပါး ဖုန်းအဆက်အသွယ်များရှိနေကြောင်း ဒက်ချ်ဦးဆောင်သည့်ပူးပေါင်းစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ပြောသည်။ရုရှားနိုင်ငံခြားရေးဝန်ကြီးမှ အဆိုပါပြော ကြားချက်များကို အလေးမမူခဲ့ပေ။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အဆိုပါအမှုနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံသား ၃ ဦးနှင့် ယူကရိန်းနိုင်ငံသားတစ်ဦးတို့ကို လာမည့်နှစ်တွင်  နယ်သာလန်၌ အမှုစစ်ဆေးမှာဖြစ်ပြီး ၎င်းမတိုင်ခင် နောက်တိုးသက်သေများကိုလည်း တောင်းဆိုထားသေးသည်။

MH 17 သည် အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ပျံသန်းစဉ် ရုရှားနိုင်ငံထုတ် BUK ဒုံးလက်နက်ဖြင့် ၂၀၁၄ ခုနှစ်က ပစ်ချခံခဲ့ရခြင်းဖြစ်ပြီး လေယာဉ်ပေါ်လိုက်ပါခဲ့သူပေါင်း ၂၉၈ ဦးသေဆုံးခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required