အကောင်းဆုံး လက်စွမ်း ပိုင်ဆိုင်နေဆဲ ONE Championship ကမ္ဘာ့ ချန်ပီယံဟောင်း ၅ ဦး

အကောင်းဆုံး လက်စွမ်း ပိုင်ဆိုင်နေဆဲ ONE Championship ကမ္ဘာ့ ချန်ပီယံဟောင်း ၅ ဦး

ONE Championship ပြိုင်ပွဲတွင် ကမ္ဘာတစ်ဝန်းမှ ကစားသမားကောင်းများစွာ ပါဝင်ယှဉ်ပြိုင် နေသည့် ပြိုင်ပွဲကြီး ဖြစ်သဖြင့် ဝိတ်တန်း တစ်ခုခုတွင် ကမ္ဘာ့ ချန်ပီယံ ဖြစ်ရေးမှာ လွယ်ကူသည့် အလုပ်မဟုတ်ပေ။ အကယ်၍ ကမ္ဘာ့ ချန်ပီယံ ဖြစ်လာခဲ့လျှင်ပင် ယင်းချန်ပီယံ ခါးပတ်ကို ပြန်လည် လက်မလွှတ်ရစေရန် ကာကွယ်ရသည့် အလုပ်မှာ ပိုမို ခက်ခဲသည်။ ပြိုင်ပွဲသမိုင်းတစ်လျှောက် ကမ္ဘာ့ ချန်ပီယံ များစွာ ရှိခဲ့သည့်အနက် အကောင်းဆုံး လက်စွမ်း ပိုင်ဆိုင်နေဆဲ ဖြစ်သော်လည်း ချန်ပီယံ ခါးပတ်ကို လက်လွှတ်ခဲ့ရသည့် ကမ္ဘာ့ချန်ပီယံဟောင်း အချို့ အကြောင်းကို စုစည်း တင်ပြလိုက်ရ ပါသည်။

() Vitaly Bigdash

ONE Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဟောင်း ရုရှားနိုင်ငံသား Vitaly Bigdash သည် ယင်းဝိတ်တန်းတွင် ချန်ပီယံအဖြစ် ရက်ပေါင်း ၆၃၃ ရက်ကြာ ရပ်တည်ခဲ့သူ ဖြစ်သည်။ Bigdash သည် ယခင်ချန်ပီယံဟောင်း Igor Svirid ကို နှစ်ချီအတွင်း အလဲထိုးနိုင်ခဲ့ကာ ၎င်း၏ ပထမဆုံး ချန်ပီယံ ကာကွယ်ပွဲတွင်လည်း အောင်လအန်ဆန်ကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။ သူသည် အောင်လအန်ဆန် အတွက် ONE Championship တွင် ပထမဆုံးနှင့် တစ်ပွဲတည်းသော ရှုံးပွဲကို ကြုံတွေ့စေခဲ့သူ ဖြစ်ပြီး မကျေပွဲ ထပ်မံ စိန်ခေါ်ခံရသည့် အခါတွင်မှ အမှတ်ဖြင့်ပင် ပြန်လည် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၅ နှစ်ရှိသူ Bigdash ထူးခြားချက်မှာ ကစားသမား ဘဝတွင် တစ်ကြိမ် တစ်ခါမျှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိဘဲ ပွဲ ဆက်တိုက် အနိုင် ရခဲ့ပြီး ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အောင်လအန်ဆန်နှင့် ချန်ပီယံ ကာကွယ်ပွဲ ရှုံးနိမ့်ပြီးနောက်တွင် Bigdash သည် ဘရာဇီးလ်သား Leandro Ataides ကို ထပ်မံ ရှုံးနိမ့်ခဲ့သည်။ နောက် အကြာတွင်မှ ဂျပန် ကစားသမား Yuki Niimura နှင့် ပွဲတွင် နိုင်ပွဲပြန်လည် ရရှိခဲ့ပြီး Ataides နှင့် မကျေပွဲ ပြန်ထိုးရန် စီစဉ်ခဲ့သော်လည်း ဒဏ်ရာ ပြဿနာကြောင့် ဖျက်သိမ်း ခဲ့ရသည်။ Bigdash သည် အောင်လ အန်ဆန် ထံမှ မစ်ဒယ်ဝိတ်တန်း ခါးပတ်ကို စိန်ခေါ်နိုင်ခြေ ရှိသည့် ကစားသမား များထဲတွင် အလားအလာ အကောင်းဆုံး တစ်ယောက် အဖြစ် သတ်မှတ် ခံထားရသူလည်း ဖြစ်သည်။

() Zebaztian Kadestam

ဝယ်တာဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဟောင်း Zebaztian “The Bandit” Kadestam သည် ပြီးခဲ့သည့် လအတွင်းကမှ ၎င်း၏ ချန်ပီယံ ခါးပတ်ကို ကာဂျစ်စတန် နိုင်ငံသား Kiamrian Abbasov ထံ လွှဲပြောင်း ပေးထားရသူ ဖြစ်သည်။ ဆွီဒင် နိုင်ငံသား Kadestam သည် ရှုံးပွဲမရှိ ကစားသမား Tyler McGuire ကို ပြီးခဲ့သည့် နှစ်က အနိုင်ယူကာ ချန်ပီယံ ဖြစ်လာခဲ့ပြီး ချန်ပီယံ ကာကွယ်ပွဲတွင်လည်း ၁၄ ပွဲ ဆက်တိုက် အနိုင်ရထားသည့် Georgiy “Knight” Kichigin ကို အနိုင်ယူခဲ့ ဖူးသူ ဖြစ်သည်။ သို့သော် ဒုတိယမြောက် ချန်ပီယံ ကာကွယ်ပွဲတွင်မူ Abbasov ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

မတ်တပ်ရပ် တိုက်ခိုက်မှုတွင် အကောင်းဆုံး တစ်ဦးဖြစ်သည့် Kadestam သည် အနောက်တိုင်း လက်ဝှေ့နှင့် ဘရာဇီး ဂျူဂျစ်ဆု ပညာရပ်တွင်လည်း ထိပ်တန်း အဆင့်ရှိသည်။ နည်းပြကြီး Ole Laursen လေ့ကျင့်ပေးမှုကြောင့် အကောင်းဆုံး လက်စွမ်းကို ထိန်းထားနိုင်ဆဲ Kadestam သည် ပထမ တစ်ကြိမ် ရှုံးနိမ့်မှုကို သင်ခန်းစာ ယူကာ ကမ္ဘာ့ ချန်ပီယံ ခါးပတ်အတွက် နောက်တစ်ကြိမ် ထပ်မံ စိန်ခေါ်နိုင်ခြေ ရှိနေသူလည်း ဖြစ်သည်။

() Shinya Aoki

လိုက်ဝိတ်တန်း ချန်ပီယံဟောင်း Shinya “Tobikan Judan” Aoki သည် အာရှ၏ အကောင်းဆုံး မြေပြင် အချုပ် ကစားကွက် ပညာရှင် တစ်ဦး ဖြစ်သည်။ WAMMA DREAM နှင့် Shooto ပြိုင်ပွဲများတွင်လည်း ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် Aoki သည် ကစားသမား ဘဝတစ်လျှောက် နိုင်ပွဲစုစုပေါင်း ၄၄ ပွဲ ရခဲ့ပြီး ကမ္ဘာကျော် ကစားသမား အများအပြား ကိုလည်း အနိုင်ယူ ဖူးသည်။ အမေရိကန်နိုင်ငံမှ Bellator ပြိုင်ပွဲတွင်ပါ သွားရောက်ယှဉ်ပြိုင် ခဲ့ဖူးသည့် Aoki သည် ONE Championship ဥက္ကဌ Chatri Sityodtong နည်းပြဘဝက လေ့ကျင့်ပေး ခဲ့ဖူးသည့် ကစားသမားလည်း ဖြစ်သည်။

Aoki သည် လိုက်ဝိတ်တန်း ONE Championship ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ၂ဝ၁၃ တွင် ပထမအကြိမ် ရရှိခဲ့ပြီး ယင်းခါးပတ်ကို နှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်။ ၂ဝ၁၆ တွင် Eduard Folayang ထံ ခါးပတ်လွှဲပြောင်းပေးခဲ့ရ သော်လည်း နှစ်ကျော် အကြာတွင် Aoki သည် Folayang ကို တဖန် အနိုင်ယူကာ ခါးပတ် ပြန်လည်သိမ်းပိုက် ခဲ့သည်။ သို့သော် ကမ္ဘာ့ ချန်ပီယဲ စိန်ခေါ်ပွဲတွင် Aoki သည် Christian Lee ကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံခါးပတ် လက်လွှတ်ခဲ့ရပြီ ဖြစ်သည်။

() Marat Gafurov

ONE ဖယ်သာဝိတ်တန်း ချန်ပီယံဟောင်း Marat “Cobra” Gafurov သည် ကစားသမားဘဝ စကတည်းက ၁၄ ပွဲ ဆက်တိုက် ပွဲတိုင်း နိုင်ခဲ့ဖူးသူ ဖြစ်သည်။ ၂ဝ၁၇ တွင် လက်ရှိ ဖယ်သာဝိတ်တန်း ချန်ပီယံ ဖြစ်နေသူ Martin Nguyen ကို ရှုံးနိမ့်ခဲ့သည့် တစ်ပွဲသာ သူ၏ ဘဝတွင် ပထမဆုံး ရှုံးပွဲဖြစ်သည်။ ယင်းနောက်ပိုင်းတွင် သုံးပွဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ရာတွင် ပွဲနိုင် ပွဲရှုံး ရလဒ် ရှိခဲ့ကာ ၎င်း၏ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်အတွက် ပြန်စိန်ခေါ်ရန် အလားအလာ ကောင်းနေသူလည်း ဖြစ်သည်။

ပန်ကရေးရှင်း ပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံ ဖြစ်ဖူးသူ Gafurov သည် ဘရာဇီး ဂျူဂျစ်ဆု ပညာရပ် တွင်လည်း ခါးပတ်နက် ရရှိခဲ့သည်။ ၂ဝ၁ဝ ခုနှစ်တွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ လောကထဲ စဝင်လာခဲ့ကာ M1-Global ဖယ်သာဝိတ်တန်း တံခွန်စိုက် ရှုံးထွက် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ ဖူးသည်။ ထို့ထက်ပို၍ ထူးခြားသည်မှာ Gafurov သည် Nguyen ကို ရှုံးနိမ့်ခဲ့သည့် ပွဲမတိုင်မီက Rear Naked Choke ချုပ်ကွက် တစ်မျိုးတည်းဖြင့် ပွဲဆက်တိုက် အနိုင်ရခဲ့သူလည်း ဖြစ်သည်။

() Kevin Belingon

ဘန်တန်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဟောင်း Kevin “The Silencer” Belingon သည် ဖိလစ်ပိုင် နာမည်ကျော် Team Lakay ကစားသမား တစ်ဦး ဖြစ်သည်။ ငယ်စဉ် ကတည်းက Bruce Lee ကို အားကျခဲ့သူ Belingon သည် ဝူရှူး အားကစားကို လေ့လာ လိုက်စားခဲ့ရာ ထူးချွန်သဖြင့် တက္ကသိုလ် ပညာသင်ဆုပင် ရရှိခဲ့သည်။ ဝူရှူးတွင် အစွမ်းပြနေသည့် Belingon ကို Team Lakay ဝူရှူးအဖွဲ့က လာရောက် လေ့လာပြီး သဘောကျသဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ရာဇဝတ်မှု လေ့လာရေး အထူးပြု ပညာရပ်ဖြင့် ဘွဲ့ရထားကာ ဥပဒေ ပညာရှင် တစ်ဦးအဖြစ် အသက်မွေး နိုင်သည့် Belingon သည် ၂ဝဝ၇ တွင် URCC ပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့သည်။ Belingon သည် Nguyen ကို အနိုင်ယူကာ ဘင်တန်ဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့သော်လည်း လက်ရှိ ချန်ပီယံ Bibiano နှင့် ကြိမ် ရင်ဆိုင်ရာတွင် တစ်ပွဲသာ နိုင်ပြီး ပွဲ ရှုံးနိမ့်ထားသည်။

ONE : Master of Fate ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Mall Of Asia Arena အားကစားကွင်းတွင် နိုဝင်ဘာလ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်း တွဲဆိုင်းပေါင်း ၁၄ဆိုင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

 

ONE: Master of Fate ပြိုင်ပွဲကို မြန်မာစံတော်ချိန် ညနေ ၄နာရီအချိန်တွင် YouTube Facebook Twitter နှင့် ONE Super App တို့တွင် preliminary တွဲဆိုင်းများကို ကြည့်ရှူနိုင်မည်ဖြစ်ပြီး Skynet Sports 3 နှင့် MNTV တို့တွင် နာရီအချိန်တွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required