အမေရိကန်က အလယ်တန်းကျောင်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပြီး နှစ်ဦး သေဆုံး

အမေရိကန်က အလယ်တန်းကျောင်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပြီး နှစ်ဦး သေဆုံး

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၁၅ ။       ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က အလယ်တန်းကျောင်းတစ်ကျောင်းတွင် သေနတ်ပစ်ခတ်မှု တစ်ရပ်ဖြစ်ပွား၍ ကျောင်းသားနှစ်ဦး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

လော့စ်အိန်ဂျလိစ်မြောက်ဖက် ဆန်တာကလာရီတာအရပ်က Saugus High School ကျောင်းတွင် ကျောင်းတက်ခေါင်းလောင်းထိုးဖို့ မိနစ်ပိုင်းအလိုတွင် ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

သံသယရှိ တရားခံအဖြစ် အသက် ၁၆ နှစ်အရွယ် ယောက်ကျားလေးတစ်ဦးကို ဖမ်းဆီးထားပြီး ၎င်းမှာလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့် သတင်းကို ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၈ မိနစ်တွင် သတင်းရရှိခြင်း ဖြစ်သည်ဟု အယ်လ်အေစီရင်စုအရာရှိ အဲလ်လက်စ်ဗီလန်နော်ဗားက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

“စက္ကန့်ပိုင်းအတွင်း ဖုန်းခေါ်ဆိုမှုတွေ အများကြီး ဝင်လာတော့တာပဲ။”လို့ ၎င်းက ပြောပြီး နှစ်မိနစ်အတွင်းမှာပဲ ဖြစ်ပွားရာကျောင်းဆီ ရဲတပ်ဖွဲ့ ရောက်ရှိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ဆိုသည်။

အဆိုပါ စာသင်ကျောင်း ပစ်ခတ်မှုအတွင်း သေနတ်ဒဏ်ရာ ထိမှန်သူ ခြောက်ဦးကို ရဲက တွေ့ရှိပြီး ဌာနေဆေးရုံများသို့ တင်ပို့ပေးခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင်မှာ ထိုသို့ ဆေးရုံတင်ပို့သည့် လူနာများတွင် ပစ်ခတ်မှု သံသယရှိသူ ပါဝင်ကြောင်း သိရှိပြီး ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်ဟု ဗီလန်နော်ဗားက ပြောခဲ့သည်။

ပစ်ခတ်မှု သံသယရှိသူကို ခွဲထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ယခုကဲ့သို့ ပစ်ခတ်မှုကျုးလွန်သည်မှာ ၎င်း၏ အသက် ၁၆ နှစ် မွေးနေ့မှာပဲ ဖြစ်သည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required