ဒေါ်နယ်ထရမ့်မှ စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်၍ ဘာမှမသိကြောင်းပြော

ဒေါ်နယ်ထရမ့်မှ စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်၍ ဘာမှမသိကြောင်းပြော

နိုဝင်ဘာ ၁၃။             ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဥရောပသမ္မဂဆိုင်ရာအမေရိကန်သံအမတ် ဂေါ်ဒင်ဆန်ဒလန်နှင့် ဖုန်းပြောစဉ်တွင် ၂၀၂၀  ရွေးကောက်ပွဲအတွက် ပြိုင်ဘက်ဖြစ်လာနိုင်မည့် ဂျိုးဘိုင်ဒန်အား စုံစမ်းစစ်ဆေးပေးရေး ယူကရိန်းအား ဖိအားပေးရန် ပြောကြားခဲ့သည်ဆိုသည့် စွပ်စွဲချက်နှင့်ပတ်သက်ပြီး မမှတ်မိကြောင်း၊ နိုဝင်ဘာ ၁၃ ရက်ကပြုလုပ်သည့် သက်သေထွက်ဆိုသူများ၏ ပထမအကြိမ် ကြားနာစစ်ဆေး မှုကိုလည်း မကြည့်အားကြောင်း ပြောသည်။

အမေရိကန်သမ္မတသည် စစ်ရေးကူညီထောက်ပံ့မှုများကိုအသုံးချပြီး အာဏာအလွဲသုံးစားလုပ်ကာ ယူကရိန်း ဓာတ်ငွေ့ကုမ္ပဏီ Burisma တွင် ဘုတ်အဖွဲ့ဝင်များဖြစ်ကြသည့် ဂျိုးဘိုင်ဒန်နှင့်သားဖြစ်သူတို့ကို စုံစမ်းပေးရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီအား အိမ်ဖြူတော်တွင်တွေ့ဆုံစဉ် ဖိအားပေးပြောကြားခဲ့ကြောင်း  ဒီမိုကရက်တစ်ပါတီဝင်များက စွပ်စွဲထားခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်နှင့် ဇီလန်စကီတို့၏ ဖုန်းပြောမှတ်တမ်းတွင် ဘိုင်ဒန်အကြောင်းကို စုံစမ်းပေးရန် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက် နေ့စွဲဖြင့် အိမ်ဖြူတော်ဖုန်းမှတ်တမ်းက အဓိကသက်သေအထောက်အထားဖြစ်သည်။

ယူကရိန်းဆိုင်ရာ အမေရိကန် အဆင့်မြင့်သံတမန် ဝီလီယမ်တေလာကလည်း ထရမ့်က ၎င်းအား ယူကရိန်းအရေး ထက် ပြိုင်ဘက် ဘိုင်ဒန်အကြောင်းကို စုံစမ်းဖို့ပြောခဲ့ကြောင်း တရားရုံးတွင်ထွက်ဆိုခဲ့သည်။  

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly