ပွဲပျက်တဲ့ကိစ္စ မင်းသား စွမ်းဇာနည်ကိုယ်တိုင် ညှိနှိုင်းရန် ပွဲကျင်းပရေးကော်မတီ တောင်းဆို 

ပွဲပျက်တဲ့ကိစ္စ မင်းသား စွမ်းဇာနည်ကိုယ်တိုင် ညှိနှိုင်းရန် ပွဲကျင်းပရေးကော်မတီ တောင်းဆို 

မန္တလေးခရိုင်၊ အမရပူရမြို့နယ် နန်းတော်ရာရပ်ကွက် ဘုံကထိန်ပွဲအတွက် တစ်ညလျှင် ၅၅သိန်းဖြင့် စာချုပ်ချုပ် ဆိုငှားရမ်းထားသော်လည်း ခေါင်းဆောင်မင်းသားစွမ်းဇာနည် လာရောက်ခဲ့ခြင်းမရှိဘဲ ပွဲပျက်ခဲ့သည့်အတွက် လူ ကိုယ်တိုင်လာရောက်ညှိနှိုင်းရန်လိုအပ်ကြောင်း ပွဲကျင်းပရေးကော်မတီက တောင်းဆိုလိုက်သည်။

“စာချုပ်စကားရ စကားပြောတာမဟုတ်ဘူး၊ စာချုပ်အရပါလို့ စကားမပြောတာမဟုတ်တဲ့အတွက် ကျွန်တော် တို့ဘက်လည်းစီစဉ်ပေးတာအဆင်ပြေသလို၊ သူတို့ဘက်ကလည်း ဇာတ်ကဖို့အတွက် ဇာတ်သူဇာတ်သားတွေ အားလုံးရောက်လာတယ်၊ ပွဲဖျက်တဲ့သူ တစ်စုံတဦးကြောင့် ဇာတ်အကြီးတခုလုံးနစ်နာမှုဆုံးရှုံးမှုအတွက် ကျွန် တော်တို့ညှိနှိုင်းလိုက်တာဖြစ်တယ်” ဟု ပွဲကျင်းပရေးကော်မတီဝင် ကိုသန်းထိုက်က ပြောသည်။

ပွဲလာရောက်ကပြဖျော်ဖြေခဲ့ခြင်းမရှိသည့်အတွက် နစ်နာဆုံးရှုံးမှုများအတွက် ကျပ်သိန်းငါးရာတောင်းခံထားသည်။ လောလောဆယ်တွင် နန်းတော်ရာ ဓမ္မာရုံဝင်းအတွင်းတွင် ဇာတ်အဖွဲ့ပိုင် ကားများ နှင့် စက်ပစ္စည်းများကို သိမ်းဆည်းထားသည်ကို တွေ့ရသည်။

စွမ်းဇာနည်သည် နိုဝင်ဘာ ၁၃ ရက်နှင့် နိုဝင်ဘာ ၁၄ ရက်နေ့များတွင် ကပြဖျော်ဖြေရန် သဘောတူထားခဲ့သော်လည်း “ နေမကောင်း” ၍ မလာနိုင်ကြောင်း ကြားလူမှတဆင့် အကြောင်းကြားခဲ့သည်။ ခေါင်းဆောင်မင်းသားမရှိသဖြင့် ဇာတ်မကဖြစ်ဘဲ ဖြစ်ခဲ့ရသည်။ ပွဲကျင်းပရေးက ဗီဒီယိုမှတဆင့် မင်းသားနှင့်စကားပြောရန် ကမ်းလှမ်းခဲ့သော်လည်း အထမမြောက်ခဲ့ဟု သိရသည်။

“ကျွန်တော်တို့ပြောထားပြီးသား သူရဲ့ မွေးသမိခင်လည်းမလာခဲ့တဲ့ စွမ်းဇာနည်ကိုယ်တိုင်လာခဲ့ပါ၊ ညှိနှိုင်းပါလို့ ပြောထားပြီးသားဖြစ်ပါတယ်၊ ကိုယ်စားလှယ်မလွှတ်ပါနဲ့”ဟု ကိုသန်းထိုက်က ပြောသည်။

ယခုကိစ္စနှင့်ပက်သက်ကာ အမရပူရမြို့နယ် သဘင်ကောင်စီအနေဖြင့် ပွဲကျင်းပရေးကော်မတီအနေနှင့် ဇာတ် သဘင်အဖွဲ့ ညှိနှိုင်းမှုပြုလုပ်ရာတွင် ကြားခံအနေဖြင့် ညှိနှိုင်းလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါကောင် စီဥက္ကဌ ဦးနန်းတိုက်ကပြောသည်။

ရပ်ကွက်နေပြည်သူများနှင့် ပွဲတော်ကျင်းပရေးကော်မတီထံသို့ လာရောက်တွေ့ ဆုံရန်ရှိ၊မရှိအား စွမ်းဇာတ်သဘင်အဖွဲ့ မန်နေဂျာ ဦးလှိုင်ဝင်းအားဆက်သွယ်မေးမြန်းရာ “ရန်ကုန်ကို ဆင်းရ ဦးမယ်၊ အဲဒါပြီးမှာ ဘာလုပ်မလဲဆိုတာပြောနိုင်မယ်”ဟု ဖြေကြားခဲ့ပါသည်။

ယခုကဲ့သို့ဖြစ်စဉ်များဖြစ်ခဲ့သော်လည်း ဇာတ်ပွဲကပြရန်အတွက် စင်ထိုးပြီး မဖျက်ရသည့် ဓလေ့ထုံးစံကြောင့် ပွဲ တော်ကျင်းပရေးကော်မတီအနေဖြင့် ဟန်ဇာမိုးဝင်းဇာတ်အဖွဲ့ဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး ရုံဝင်ကြေးကို လည်း အခမဲ့လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly