ရှေ့ပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့သော်လည်း တာဂျစ်ကစ္စတန်နဲ့ပွဲကို အကောင်းဆုံး ကစားမည်ဟု မြန်မာနည်းပြဆို

ရှေ့ပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့သော်လည်း တာဂျစ်ကစ္စတန်နဲ့ပွဲကို အကောင်းဆုံး ကစားမည်ဟု မြန်မာနည်းပြဆို

မန္တလေး၊ နိုဝင်ဘာ ၁၃ ။       ။ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ရှေ့ပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့သော်လည်း တာဂျစ်ကစ္စတန်နဲ့ပွဲကို အကောင်းဆုံး ကစားမယ်လို့ မြန်မာဘောလုံးအသင်းနည်းပြချုပ် မစ္စတာအန်တွမ်နီဟေးက ပြောလိုက်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းနဲ့ တာဂျစ်ကစ္စတန် လက်ရွေးစင်အသင်းတို့ရဲ့ ၂၀၂၀ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၂နာရီ က မန္တလေးမြို့ Pullman Mandalay Mingalar Hotel, Jasmine ခန်းမမှာ ကျင်းပခဲ့ပါတယ်။

“ရှေ့ပွဲတွေမှာ ဂိုးမသွင်းနိုင်တာကို မပြောချင်တော့ဘူး။ ဒါပေမယ့် အခုလာမယ့်ပွဲမှာ အကောင်းဆုံး ကစားသွား မှာဖြစ်တယ်” ဟု မြန်မာဘောလုံးအသင်းနည်းပြချုပ် မစ္စတာအန်တွမ်နီဟေးက ပြောပါတယ်။

ယခုကျင်းပပြုလုပ်မယ့် ကမ္ဘာဖလားခြေစစ်ပွဲအတွက် မြန်မာအသင်းဟာ လွန်ခဲ့တဲ့ သုံးပတ်မှ စတင် ပြင်ဆင်ခဲ့တာဖြစ်ပြီး ကစားသမား ၃၅ဦးကို ကနဦးရွေးချယ်ခဲ့ကာ ထိုအထဲမှ၂၃ဦးအား အပြီးသတ် ရွေးချယ်ခြင်းဖြစ်ပါတယ်။

“မြန်မာအ သင်းမှာ မြန်ဆန်ကောင်းမွန်သည့်အသင်းဖြစ်တာကြောင့် အကောင်းဆုံး ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံကို လာခဲ့တာက ဘောလုံးပွဲတစ်ခုတည်းအတွက်တင်မကဘူး။ ယဉ်ကျေးမှု၊ နေထိုင်မှု ပုံစံတွေကိုပါ သိခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်” လို့ မြန်မာအသင်းနဲ့ယှဉ်ပြိုင်မယ့် တာဂျစ်ကစ္စတန်အသင်းရဲ့နည်းပြချုပ် မစ္စတာ အူစမန် တိုရှက်ဗ်က ဆိုပါတယ်။

မြန်မာအသင်းနှင့် တာဂျစ်ကစ္စတန် အသင်းတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို နိုဝင်ဘာ ၁၄ရက် ညနေ ၅နာရီအချိန်မှာမန္တလေးမြို့ မန္တလာသီရိကွင်း၌ ကျင်းပပြု လုပ်သွားမှာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly