အီတလီတွင် အလေးချိန် ၁ ကီလိုဂရမ်ရှိ မြေအောင်းမှို တစ်ပွင့်ကို ယူရို ၁၂၀,၀၀၀ ဖြင့် လေလံတင်ရောင်းချ

အီတလီတွင် အလေးချိန် ၁ ကီလိုဂရမ်ရှိ မြေအောင်းမှို တစ်ပွင့်ကို ယူရို ၁၂၀,၀၀၀ ဖြင့် လေလံတင်ရောင်းချ

နိုဝင်ဘာ ၁၃။         ။ အီတလီနိုင်ငံတွင် အလေးချိန် တစ်ကီလိုဂရမ်ကျော်ရှိ အဖြူရောင် မြေအောင်းမှိုပွင့်ကြီးတစ်ပွင့်ကို ယူရို ၁၂၀,၀၀၀ ဖြင့် လေလံတင် ရောင်းချခဲ့ရကြောင်း သိရသည်။

ယင်း စျေးနှုန်းအရ အဆိုပါ မြေအောင်းမှိုပွင့်ကြီးသည် တစ်ဂရမ်လျင် ၁၂၀ ယူရိုခန့် ကျသင့်နေသည်။

အဆိုပါ အဖြူရောင် မြေအောင်းမှိုပွင့်ကြီးကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက် တူရင်မြို့အနီး Alba မြို့တွင် ကျင်းပပြုလုပ်ခဲ့သော အကြိမ် ၂၀ မြောက် အဖြူရောင် မြေအောင်းမှို လေလံပွဲတွင် ယခုကဲ့သို့ လေလံတင်ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်း မှိုပွင့်ကြီးကို ဝယ်ယူသွားသူ၏ အမည်ကို ထုတ်ဖော်ကြေညာခြင်း မရှိဘဲ လျှို့ဝှက်ထားခဲ့သည်။

ယခု လေလံပွဲမှ ရရှိလာသည့် အကျိုးအမြတ်များကို ပရဟိတအဖွဲ့များထံ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required