ဝါရှင်တန်မြို့က မြစ်ရေသန့်စင်ရေး

13 November 2019
ဝါရှင်တန်မြို့က မြစ်ရေသန့်စင်ရေး

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီက Potomac မြစ်ထဲမှာ ရေပေါ် ဓာတ်ခွဲခန်းသစ် ပါတဲ့ မော်တော်ဘုတ် တစီးနဲ့ မြို့တော်နဲ့ အနီးတဝိုက် ဧရိယာတွေမှာ စီးဆင်းနေတဲ့ မြစ်ရေ အရည်အသွေးကို စစ်ဆေးနေပါတယ်။ ဒေသခံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တခု ဖြစ်တဲ့ Potomac Riverkeeper Network က နေရာစုံကနေ ရေနမူနာ စုဆောင်းရယူပြီး ညစ်ညမ်းမှု ဖြစ်စေတဲ့ ဘက်တီးရီးယား ပါဝင်မှုကို တိုင်းတာနေတာပါ။ အနာဂတ်မှာ ညစ်ညမ်း ဧရိယာတွေ သန့်စင်ရေးမှာ ဒီအချက်အလက်တွေက အထောက်အကူ ဖြစ်စေမယ့် အပြင် လက်ရှိမှာလည်း ဒီမြစ်ထဲမှာ ဘေးကင်းကင်းနဲ့ ရေကူးနိုင်မယ့် အချိန်ကာလကိုလည်း အများပြည်သူကို အသိပေးနေတာ ဖြစ်တဲ့ကြောင်း ဗွီအိုအေ သတင်းထောက် Deborah Block က သတင်းပေးပို့ထားပါတယ်။ မသိဂီ င်္ထိုက် ပြောပြပေးမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly