အစာပြေစားစရာ ပိုးကောင်လေးများ
************************
MC: အစာပြေစားဖို့ ဆိုရင် ဘာကို အကြိုက်ဆုံးပါလဲ။ ဆားငံရည်စိမ်ထားတဲ့ မြေပဲလား၊ အားလူးကြော်လား၊ ဒါမှမဟုတ် ပုရစ်အကြွတ်ကြော်လား၊ အသားကင်ထားတဲ့အရသာအတိုင်း ကြော်ထားတဲ့ တွင်းပိုးလား၊ သင်ပေါင်ပိုးလား၊ ထိုင်းနိုင်ငံမှာ ဒီလိုမေးကြပါလိမ့်မယ်။ တချို့ကတော့ ပုရစ်တို့ ဝါးပိုးကြော်တို့ကို စားမလားမေးရင် စိတ်မသက်မသာဖြစ်နိုင်ပါတယ်၊ ထိုင်းနိုင်ငံက စွန့်ဦးလုပ်ငန်းရှင်တယောက်ကတော့ အိပ်တွေနဲ့ထည့်ပြီး အဆင်သင့်စားလို့ရအောင် ရောင်းချနေကြပါတယ်။ AP သတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပါလိမ့်မယ်။