တန်ဆောင်မုန်း လပြည့်ညအတွက် လက်နက်အပြည့်အဝ တပ်ဆင်ပြီး လုံခြုံရေး ဆောင်ရွက်ပေးမည်

တန်ဆောင်မုန်း လပြည့်ညအတွက် လက်နက်အပြည့်အဝ တပ်ဆင်ပြီး လုံခြုံရေး ဆောင်ရွက်ပေးမည်
(ဓာတ်ပုံ - ဒေါက်တာ ရဲလွင်)

မန္တလေး နိုဝင်ဘာ ၁၁ ။                   ။ မန္တလေးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် မြို့သူ မြို့သားများ အန္တရာယ်ကင်းရှင်းစွာ သွားလာပျော်ရွှင်နိုင်စေရန်အတွက် လက်နက်အပြည့်အဝတပ်ဆင်ပြီး တစ်ညလုံး လုံခြုံရေးဆောင်ရွက်သွားမည်ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

"မြို့သူမြို့သားတွေ အေးအေးချမ်းချမ်းလည်ပတ် အိပ်ပျော်နိုင်ဖို့ တိုင်းရဲတပ်ဖွဲ့မှူ းရဲ့ လမ်းညွှန်ချက်နဲ့ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်း နဲ့ အရပ်ဝတ်များ မြို့တော်လုံခြုံရေးအတွက် တစ်ညလုံး တာဝန်ထမ်းဆောင်သွားမှာပါ။ နယ်မြေခံရဲတပ်ဖွဲ့နဲ့အတူ စည်ပင်ရဲပါ အင်အားအပြည့် ပူးပေါင်းပါဝင်သွားပါမယ်"ဟု ဒေါက်တာရဲလွင်ကပြောသည်။

တန်ဆောင်မုန်းလပြည့်ညကို သူခိုးကြီးညဟုဆိုကာ အပျော်သဘောဖြင့် ပစ္စည်းများ ရွှေ့ပြောင်းမှု လုပ်ကြသည့် အလေ့အထသည် မြန်မာနိုင်ငံတွင် ရှေးကတည်းကပင် ရှိခဲ့ခြင်းဖြစ်သည်။သို့ရာတွင် ယခုနောက်ပိုင်း ဖက်လိုဖျက်စီး လုပ်မှုများ လုပ်လာကြသည့်အတွက် အုပ်ချုပ်ရေးပိုင်းက အထူးသတိထား ဆောင်ရွက်လာခြင်း ဖြစ်သည်။

"တန်ဆောင်တိုင်လပြည့်ညရဲ့ အစဉ်အလာတစ်ခုဖြစ်ခဲ့တဲ့ ကာလသားတွေရဲ့ သူခိုးကြီးညဆိုပြီး အပျော်သဘောအနေနဲ့ ပစ္စည်းတွေရွှေ့တာ နေရာပြောင်းတာတွေလုပ်ခဲ့ကြပေမယ့် အခုနောက်ပိုင်း သူများပစ္စည်း ဖျက်ဆီးတာတွေ၊ လူအုပ်စုနဲ့ အနိုင်ကျင့် စိန်ခေါ် ရမ်းကားတာတွေ၊ ကားတွေဆိုင်ကယ်တွေတားပြီး အဓမ္မငွေတောင်းတာတွေ တစ်နှစ်ထက်တစ်နှစ်ပိုများလာပါတယ်။"ဟု ဒေါက်တာရဲလွင်ကပြောသည်။

နယ်လုံ ဝန်ကြီးနှင့် တိုင်းရဲတပ်ဖွဲ့မှူးတို့၏ ညွှန်ကြားချက်ဖြင့် လုံခြုံရေးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး မန္တလေး-စစ်ကိုင်းလမ်းတစ်လျှောက် ကြိုးတားကာ ငွေတောင်းခံနေမှုများကိုလည်း လိုက်လံရှင်းလင်းဖယ်ရှားနေကြောင်းသိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required