စွန့်ပစ်အမှိုက်များကို မြေသြဇာအဖြစ် ဆောင်ရွက်မည်

စွန့်ပစ်အမှိုက်များကို မြေသြဇာအဖြစ် ဆောင်ရွက်မည်

နိုဝင်ဘာ ၁၀ ။        ။ ပြင်သစ်အခြေစိုက် GRET INGO အဖွဲ့သည် မကွေးမြို့ပေါ်ရှိ မိလ္လာအညစ်အကြေး၊ စွန့်ပစ်အမှိုက်စီမံ ခန့်ခွဲရေးနှင့် စွန့်ပစ်အမှိုက်မှ မြေသြဇာအဖြစ် ဆောင်ရွက်ရေးတို့ကို ကျပ် ၃၉ ဒဿမ ၇၈ သန်းအသုံးပြု၍ ဆောင်ရွက်နေကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖိုနီ ထံကသိရသည်။

“ GRET INGOအဖွဲ့ကနေ မကွေးမြို့ရဲ့ တစ်ကယ်လို့အပ်ချက်က ဘာလဲဆိုပြီးမေးတယ်၊ စည်ပင်အနေနဲ့လိုအပ်တာက အဓိက ရေရယ် အမှိုက်ပြဿနာရယ် ဒါကိုရှင်းနိုင်ရင် မကွေးမြို့ကြီး ဒီထက်သာယာ သွားမယ်ဆိုပြီး တောင်းဆိုလိုက်တာပါ၊ အဲ့ဒီလိုတောင်ဆိုတာကြောင့် အဲ့ဒီအဖွဲ့က မကွေးနဲ့ပတ်သက်ပြီး ရေးပေးဝေရေးကို စနစ်တကျလေ့လာတယ်၊ အမှိုက်တွေနဲ့ ပတ်သက်လို့လည်း စနစ်တကျလေ့လာတယ်၊ မိလ္လာအညစ်အကြေးတွေနဲ့ ပတ်သက်လို့လည်း စနစ်တကျ လေ့လာပါတယ်။အကြံဉာဏ်လည်း ပေးပါတယ် အဓိကဈေးကထွက်တဲ့စွန့်ပစ်အမှိုက်ကနေ မြေသြဇာလုပ်နိုင်အောင် စနစ်တကျ အဆောက်အဦးတည်ဆောက်တယ် စက်ယန္တရားတွေလည်း ပါတယ်၊ အဲ့ဒါတွေ ကူညီမှာပါ” ဟု ဦးဖိုနီကပြောသည်။

မကွေးမြို့မှ ထွက်ရှိသည့် စွန့်ပစ်အမှိုက်မှာ တစ်နေ့လျှင် ၅၅တန်ထွက်ရှိပြီး ၇၀ရာခိုင်နှုန်းမှာ အမှိုက်မှ ဓာတ်မြေသြဇာ အဖြစ်ဆောင်ရွက်နိုင်ပြီး ရရှိလာသည့် ဓာတ်မြေသြဇာများကို တောင်သူများထ့ ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။

အဆိုပါ လုပ်ငန်းများ ပြီးစီးသွားလျှင် စည်ပင်ဝန်ထမ်းများကို သင်တန်များပေး၍ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံ လုပ်ငန်းများလွှဲပြောင်းပေးခဲ့မည်ဟု မကွေး မြို့နယ် စည်ပင်သာယာရေး ကော်မတီထံက သိရသည်။
GRET INGOအဖွဲ့သည် မကွေးမြို့က မိလ္လာ အညစ်အကြေး၊ သန့်ရှင်းရေ ရရှိရေး၊ စွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုတို့နှင့် ပတ်သက်ပြီး နှစ်နှစ်ခွဲ့ခန့်လေ့လာပြီး လုပ်ငန်းအကောင်အထည်ဖော်မှုအပိုင်းကို ၂၀၁၉ခုနှစ်မှ စတင်ကာ ၂၀၂၁ခုနှစ်တွင် စီမံကိန်းပြီးစီးမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly