တန်ဆောင်တိုင်အများပြည်သူရုံးပိတ်ရက်အတွင်း ခုံမဲ့ရထားလက်မှတ်များရောင်းချ

09 November 2019
တန်ဆောင်တိုင်အများပြည်သူရုံးပိတ်ရက်အတွင်း ခုံမဲ့ရထားလက်မှတ်များရောင်းချ

အခုလိုတန်ဆောင်တိုင်အများပြည်သူရုံးပိတ်ရက်အတွင်းမှာ နေရပ်ပြန်သူတွေ၊ ခရီးသွားတွေဟာ သာမန်ရက်တွေထက် ရထားစီးနင်းမှုများပြားနေတာကြောင့် ရန်ကုန်- မန္တလေး ၃ နာရီရထားကလွဲပြီး ကျန်တဲ့ ရထားတွေမှာ သတ်မှတ်ထားတဲ့ ခုံအရေအတွက် ပြည့်သွားပါက ခုံမဲ့အဖြစ် လက်မှတ်ရောင်းချပေးနေတယ်လို့ ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ကြီး ဦးသောင်းထိုက်က မဇ္ဈိမကို ပြောပါတယ်။ ဒီလိုအခါကြီးရက်ကြီးတွေမှာ ရထားလက်မှတ်တွေ၊ ကားလက်မှတ်တွေ ဝယ်ယူမှုများပြားတာကြောင့် ဝယ်ယူဖို့အဆင်မပြေတဲ့ အခက်အခဲက ခရီးသည်တွေ ကြုံလေ့ရှိတဲ့ အခက်အခဲတစ်ခုလည်းဖြစ်ပါတယ်။ တန်ဆောင်တိုင်ရုံးပိတ်ရောက်ခါနီးမှာ ပုံမှန်ထက်ခရီးသည် တစ်ထောင်ကျော်လောက်များနေပြီး သတ်မှတ်ခုံအရေအတွက် ပြည့်သွားတဲ့အတွက် ရထားတစ်စင်းမှာ ခုံမဲ့လက်မှတ် ၆ဝ ကနေ ၂ဝဝ အထိရောင်းချပေးနေရတယ်လို့လည်း သိရပါတယ်။ ရိုက်ကူး၊ တည်းဖြတ်- ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required