တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ သမိုင်းမှတ်တိုင်များ စာအုပ် မိတ်ဆက်

တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ သမိုင်းမှတ်တိုင်များ စာအုပ် မိတ်ဆက်
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ နိုဝင်ဘာ ၉။          ။ စာရေးဆရာ အလင်းဆက်(IR) ဘာသာပြန်ရေးသားထားသည့် တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ သမိုင်း မှတ်တိုင်များ စာအုပ်မိတ်ဆက်သည့် အခမ်းအနားကို နိုဝင်ဘာ ၈ရက်နေ့က ပြန်  ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါစာအုပ်သည် တရုတ်ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ၏ ၁၁ကြိမ်မြောက် တတိယပုံမှန် အစည်း အဝေးမှ ယခု ၁၈ကြိမ်မြောက် တတိယပုံမှန်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည့် စီးပွားရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား စုစည်းထားသည်။

"သူတို့ဒီလိုအင်အားကြီးနိုင်ငံဖြစ်လာတာ နေ့ချင်းညချင်းဖြစ်လာတာမဟုတ်ပါဘူး။ ကျွန်တော် လေ့လာကြည့်တဲ့ အခါ တရုတ်ပြည်မှာ အခု ဘီလျံနာတွေက လစဉ်တောင်ပေါ်လာတယ်။ နှစ်စဉ်တောင်မကတော့ဘူး လစဉ် ပေါ်လာတယ်။ တစ်ယောက်များဆို ၃၃နှစ်ပဲရှိသေးတယ် ဘီလျံနာဆိုပြီးပေါ်လာတယ်။ အဲ့တော့ ဒီလိုမျိုး နိုင်ငံကနေ ဘီလျံနာတွေ ဘာလို့အများကြီးပေါ်ပေါက်လာတာလဲ။ ဒါကို ကျွန်တော်တို့တွေ လေ့လာဖို့ လိုပါတယ်" ဟု စာရေးဆရာ အလင်းဆက်(IR)ကပြောသည်။

တရုတ်နိုင်ငံကို တည်ထောင်လာသည်မှာ နှစ် ၇၀ရှိပြီဖြစ်၍ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နှစ်၄၀ရှိပြီဖြစ်ကြောင်း အဆိုပါနှစ်၄၀အတွင်း၌ တရုတ်နိုင်ငံသည် အံ့မခန်းဖွံ့ဖြိုးတိုးတက်လာသည်ဟု စာရေးဆရာ မုံရွာအောင်ရှင်က ပြောသည်။

"ဘာကြောင့်တရုတ်ပြည်ဖွံ့ဖြိုးတိုးတက်လာသလဲဆိုရင် နံပါတ်တစ်က တကယ်ထူးချွန်ထက်မြက်တဲ့ ခေါင်း ဆောင် တရုတ်ပြည်မှာရှိတယ်။ နံပါတ် နှစ်ကတော့ ပြည်သူလူထုအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ ပေါ်လစီတွေကို သေချာချပေးနိုင်တယ်။ နံပါတ်သုံးကတော့ အဲ့ဒီပေါ်လစီကိုအကောင်အထည်ဖော်နိုင်တဲ့ အစိုးရနဲ့ ပြည်သူလူထု ရှိတယ်။ အဲ့ဒီအချက်၃ချက်ဟာ တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရောက်လာတာပဲ။"ဟု မုံရွာအောင်ရှင်က ပြောသည်။

ထို့အပြင် စာအုပ်ထဲ၌ စျေးကွက်စီးပွားရေးအား မည်သို့ကျင့်သုံးရမည်ဆိုသည့် အကြောင်းအရာများလည်း ပါရှိပြီး တရုတ်ပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများအကြောင်းကိုပါ ဖော်ပြထားသည်။

စီးပွားရေးလောကတွင် အမေရိကန်နိုင်ငံပြီးလျှင် တရုတ်နိုင်ငံသည် ဒုတိယအင်အားကြီးဆုံး နိုင်ငံ တစ်ခုဖြစ်သည့်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား လေ့လာထားသင့်ကြောင်း ဆရာဟိန်းလတ်ကပြောပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required