နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ သားသမီးများအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ပထမဦးဆုံးအကြိမ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

08 November 2019
နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ သားသမီးများအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ပထမဦးဆုံးအကြိမ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ဖွဲ့စည်းထားတဲ့ ဗဟိုလူမှုအထောက်အကူပြု အဖွဲ့ အနေနဲ့ ပါတီသက်တမ်းတစ်လျှောက် ပထမဦးဆုံး အဖြစ် ပါတီ နဲ့ အတူ နိုင်ငံရေး ခရီးလမ်းမှာ ကြမ်းတမ်းခက်ခဲစွာ ကျော်ဖြတ်ခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း များရဲ့ သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ပါတယ် ဒီ အခမ်းအနားကိုတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဖွဲ့စည်းခဲ့တဲ့ ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ အနေနဲ့ ပါတီနဲ့ အတူ ယုံကြည်ချက် ခိုင်ခိုင်မာမာ နဲ့ လက်တွဲခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အပေါ် ဂုဏ်ပြုသောအားဖြင့် ယနေ့ အခမ်းအနားကို ကျင်းပပြုလုပ်တာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ ့ သားသမီး ၉၂ ဦး ကို ပညာသင်နှစ် အလိုက် တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့် နဲ့ မူလတန်းအဆင့် တို့အဖြစ် သတ်မှတ်ထားသော ထောက်ပံ့ကြေးများကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ် လက်ရှိ ဖွဲ့စည်းထားတဲ့ လူမှုအထောက်အကူပြုအဖွဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ့ ကျန်းမာရေး ကုသစရိတ်၊ ဘဝပြန်လည် ထူထောင်မှု အတွက် ထောက်ပံံ့မှုများ နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း မိသားစုဝင်များရဲ့ သားသမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပေမယ့် လက်ရှိမှာ အလှူရှင်များ နည်းပါးနေတဲ့ အတွက် အခြေခံ လူတန်းစား ဘဝမှာ ခက်ခဲရုန်းကန်နေရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အတွက် ကူညီထောက်ပံ့ပေးမှုများလည်း ဆက်လက် လိုအပ်နေပါတယ်။ အဆိုပါအခမ်းအနားကို ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဒေါက်တာ မျိုးညွန့်၊ တိုင်းကိုယ်စားပြု ပါတီ ဥက္ကဌ၊ ဗဟိုလူမှုအထောက်အကူပြု အဖွဲ့ ဝင်များ နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ ရဲ့ မိသားစု ဝင်များ တက်ရောက်ခဲ့ကြပါတယ်။ ရိုက်ကူး / တည်းဖြတ် - ဟိန်းသက်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required